Part -5

241 25 13
                                    

ချစ်ခြင်းမေတ္တာဟာ ဒီကမ္ဘာပေါ်မှာ အားအကြီးဆုံးဖြစ်တယ်လို့သတ်မှတ်နိုင်ပါတယ်။ ဒီအချစ်ကြောင့်ပဲ လူသားတွေပျော်ရွှင်ရတယ် ၊ စိတ်အေးချမ်းမှုရှိရတယ် ။ ချစ်ခြင်းတွေသာထပ်တူကျခဲ့ရင် ငါတို့‌ဟာ အပြင်လောကမှာဘယ်လောက်ပဲ ပင်ပန်းပါစေ ချစ်ရသူရဲ့ ရင်ခွင်ထဲတိုးဝှေ့ရုံနဲ့ ကျောဘက်ကတောက်လောင်နေတဲ့ မီးအပူကိုမေ့ထားနိုင်တယ်။

ဒါပေမယ့် ဒီအချစ်ဆိုတဲ့အားအကြီးဆုံး အရာကို လူမှားပေးမိတဲ့အခါ ထပ်တူကျသင့်တဲ့အချစ်တွေဟာ တစ်ဖက်တည်းကပဲပေးဆပ်ရပြီး လူးလိမ့်နေအောင်နာကျင်ရတဲ့အတွက် အသက်ကိုတောင် ထိပါးလာနိုင်ပါတယ်။ဒါပေမယ့်လဲ ငါတို့တွေ နောက်ဆုတ်ခဲ့လားဆိုရင်တော့ ခေါင်းသာခါပြရတော့မည်။

Phuwin ရဲ့အကြည့်တွေကို မေမေက နားလည်သည့်အလျောက် တစ်ဦးတည်းသောသားနားကို တိုးလာပြီး လက်လေးကို ဆုပ်ကိုင်ကာ အဆင်ပြေရဲ့လား ဆိုတဲ့အကြည့်နဲ့ ကြည့်နေ‌လေတယ်။

"မေမေ သားဘာမှမဖြစ်ပါဘူး "

"သား စိတ်ဆန္ဒမပါရင် မေမေတို့ဘာမှမလုပ်ဘူးနော် သားဒီမဂ်လာပွဲကိုမလုပ်ချင်ရင် မေမေတို့ကိုပြော ရမယ်နော်"

"ဖေဖေကိုလဲပြောနော်သား ဖေဖေတို့သားကိုအချစ်ဆုံးဆိုတာသိတယ်မလား"

လူကငြင်းချင်ပါသည်။ ရှေ့ဆက်ဘာဖြစ်မလဲမသိပဲ ထိုလူနဲ့ လက်ထပ်ရပေမည်။ ဒါပေမယ့်လဲစိတ်က မငြင်းချင်ပါ။ ထိုလူကို အမှန်ပင် မြတ်နိုးမိပါသည်။ အချိန်တိုအတွင်းမှာတင် စိတ်ထဲနေရာယူသွား သူလဲဖြစ်တယ်။

တစ်ရက်ထဲမှာပင် အကြည့်တွေကတဆင့် သဘောကျခဲ့ပြီး အရမ်းမြန်လွန်းလို့ ဘယ်ချိန်က စိတ်ထဲရောက်လာလဲတွေးမရပါ ။ သတိထားမိချိန်မှာတော့ ကျွံနေလေပြီ ။

ချစ်သူရည်းစားမထားဖူးတဲ့အပြင် ဖေဖေနဲ့မေမေကလွဲရင် ဘယ်သူ့ကိုမှချစ်ဖူးခြင်းမရှိတာကြောင့် အဲ့လူရဲ့အကြည့်မှာ မြောပါသွားတာများလား။တစ်ခါတစ်လေအချစ်ဆိုတဲ့အရာဟာဆန်းကြယ်လွန်းလှပါသည်။ တစ်ခါမှမချစ်ဖူးတဲ့သူကိုမှရိုက်ခတ်လေတယ်။တွေ့ရတဲ့အချိန်တိုအတွင်းမှာတောင် ဒီလောက်ထိပျော်ဝင်နေတာ အတူရှိမယ့်အချိန်တွေကြာလာရင် ငါဘယ်လိုတောင်ဖြစ်သွားနိုင်တာလဲ။

Can We be again?(Pondphyuwin)Where stories live. Discover now