မှောင်မဲနေသောနေရာတစ်ခုတွင်phuwin လမ်းပျောက်နေလေသည်။ သူရှိတဲ့တစ်နေရာတည်းသာအလင်းရှိပြီး ထိုအလင်းရောင်လေးဟာလဲ သူရွေ့လျားတဲ့အတိုင်းလိုက်ရွေ့နေလေသည်။
ဘေးဘက်မှာလဲဘာမှမမြင်ရပေ။ တစ်ယောက်ယောက်ရှိမလားဟု ခေါ်ကြည့်သော်လဲ သူ့၏ပဲ့တင်သံကိုသာပြန်ကြားရလေသည်။
"တစ်ယောက်ယောက်ရှိလားဟင်....ကျနော်ဘယ်ရောက်နေတာလဲ"
ဘယ်ကနေဘယ်လိုရောက်လာမှန်းလဲမသိ ခုနလေးတင်အိမ်တွင်ရှိနေသေးသည်လေ။ မှောင်မဲနေတဲ့နေရာမှာ ဘာတွေရှိနိုင်မလဲမသိတော့ မလှုပ်မယှက်လေးသာရပ်လို့နေပြီး ထွက်ပေါက်ကိုသာမျက်လုံးဖြင့်ူလိုက်ရှာနေမိသည်။
ထိုအချိန်တွင်တံခါးတစ်ချက်ဟာ စူးရှသောအလင်းတစ်ခုနှင့်အတူ ပွင့်လာလေသည်။ အရိပ်တစ်ခုဟာလဲ ပြေး၍ဝင်လာသည်ကိုတွေ့ရသည်။ ရင်းနှီးသောလူတစ်ယောက်နှင့်တူဟန်ရှိသည်။အချိန်တစ်ခဏအတွင်းတွင် ထိုပြေးလာသောသူ၏ မျက်နှာကိုတစ်ဖြည်းဖြည်းပုံဖော်၍ ရလာလေသည်။
"pond~~"
ဘာမှမမှတ်မိတော့ရင်တောင် သေသည့်တိုင်မှတ်မိနေမည့်လူသား၊ ဒီကမ္ဘာမှာ မိဘကပြီးရင်ဒုတိယအမြစ်တွယ်ရဆုံးသူ၊Phuwin Tangရဲ့အသက်ပါရင်းပြီးချစ်ရသည့်ထိုလူသား Pond Naravit.
မြတ်နိုးရပါသောအမည်နာမအဆုံးတွင် ရင်ခွင်ထဲဆွဲသွင်းခံလိုက်ရပါသော phuwinဟာ အံဩစွာနှင့်သာ အတိုင်းသားရပ်နေမိသည်။
"phuwin ဘယ်ရောက်နေတာလဲကွာ ကိုယ်မင်းကိုလိုက်ရှာနေတာတော်တော်ကြာပြီးသိလား ဘာလို့အိမ်ပြန်မလာတာလဲဟင် ကိုယ့်ကိုမချစ်တော့ဘူးလား ကိုယ့်ကိုခွင့်လွှတ်မပေးနိုင်ဘူးလား ကိုယ့်ကိုချစ်ပေးပါဦးနော် နော်"
ရင်ခွင်ထဲထည့်ပြီး တင်းကျပ်စွာဖက်ထားခံရတာ အသက်ရှုကြပ်ပေမယ့် pondရဲ့စကားတွေကိုသာအာရုံရောက်နေမိသည်။ သူဘာတွေပြောနေတာလဲ။ လက်ထပ်ပြီးကထဲက အမျိုးမျိုးနှိပ်စက်နေတဲ့သူ ၊ ကွာရှင်းဖို့ကိုအတန်တန်ပြောခဲ့တဲ့သူက အခုလူစားထိုးခံထားရသလိုပင်။
"Pond ငါ့ကိုခဏလွှတ်ပါဦး ငါ အသက်ရှုတွေကြပ်လာပြီ"
ရင်ခွင်ထဲမှအသံကြောင့် တင်းကြပ်စွာဖက်ထားတာကို အနည်းငယ်လျော့လိုက်ပြီး မျက်နှာချင်းဆိုင် ထားတာ လက်တွေကိုတော့ phuwin၏ခါးတွင် ယှက်ကာ ချိတ်ထားလေသည်။သူမလွှတ်ချင်ပဲလွှတ်ပေးလိုက်ရပုံပင်။
YOU ARE READING
Can We be again?(Pondphyuwin)
RandomPondphyuwin fanfiction အခုမှပထမဆုံးရေးတဲ့ Fic လေးပါ အမှားတွေပါခဲ့ရင်လဲခွင့်လွှတ်နားလည်ပေးပြီး ထောက်ပြပေးပါဦးနော်🙇🏻♀️🖤 **' Can we be again ' သည် ကိုယ်တိုင်ကြုံရတဲ့အဖြစ်ပျက်အနည်းငယ်ကို ထည့်ရေးပြီး အချို့သည်စိတ်ကူးယဉ်သက်သက်ဖြစ်ပါသည်။** ဒီFic မှာ...