ယမန်နေ့ညတွင် သည်းထန်စွာရွာခဲ့တဲ့မိုးဟာ ယနေ့မနက်တွင်သူမဟုတ်ခဲ့သလိုပင်။ အုပ်မှိုင်းပြီး လျှပ်တစ်ပြက်ပြက်ဖြင့် ကြောက်မက်ဖွယ်ကောင်းကင်ဟာလဲ အခုတွင် ပြာလဲ့သောကောင်းကင်အဖြစ်သို့ ပြောင်းလဲနေလေသည်။
"အင်း...."
သည်းသံသဲ့သဲ့နှင့်နိုးထလာသော Phuwin Tang.
တစ်ကိုယ်လုံးနာကျင်မှုတွေကြောင့် ချက်ချင်းလှုပ်ရှားလို့မရဖြစ်နေလေသည်။ မျက်လုံးဖွင့်ကြည့်သောအခါ အစိမ်းတသတ်ဖြစ်နေသော မျက်နှာကျက်အားမြင်ရသည်။ဘေးဘီသို့စူးစမ်းကြည့်တော့ အခန်းအကျယ်မှာလူ၃ယောက်လောက်
တော့အေးဆေးနေလို့ရသည်။သူ့အိမ်ထက်စာရင်တော့ အလွန်သေးငယ်သည်ဟုဆိုရပေမည်။King size bedမှာအိပ်နေကျသူဟာ တစ်ယောက်အိပ်ကုတင်တွင် ဟိုဘက်ဒီဘက်လှည့်ရန် မရဲပေ။
အခန်းတွင်ပစ္စည်းများများစားစားမရှိ။ စာကြည့်စားပွဲတစ်လုံးရယ် ၊ ထမင်းစားပွဲတစ်လုံးရယ်၊ ဘီဒိုတစ်လုံးရယ် ဒီလောက်ပင်ရှိ၏။ မီးဖိုချောင်ကတော့ သပ်သပ်ရပ်ရပ်လေးနှင့် ရှုပ်ရှက်ခပ်မနေ။ ရေချိုးခန်းဟာလဲ ဒီအခန်းအတွင်းမှာပဲရှိနေလေသည်။
ဒီအခန်းသေးသေးလေးတွင်အကုန်လုံးရှိနေသည်မှာသူ့အတွက်ထူးဆန်းလှသည်။ သူနေဖူးသမျှအိမ်တွေမှာတောင် ဒီလောက်သေးတဲ့အိမ်မရှိ။ တစ်နေရာကိုသွားရဖို့ တစ်ခန်းဝင်တစ်ခန်းထွက်နေရသေးသည်။
ဟိုဟိုဒီဒီကြည့်ရင်း ဘယ်ဘက်လက်မှအနွေးဓာတ်ခံစားမိလို့ငုံ့ကြည့်လိုက်ရာ ရင်းနှီးနေတဲ့ကောင်လေးတစ်ယောက်။
"liam.."
liamနဲ့သိတာကြာပေမယ့်သူဆီတော့လိုက်မလည်ဖူးပေ။ liamကသာသူ့အိမ်ကိုခဏခဏလာလည်လေသည်။
phuwinအားယူပြီးခေါ်လိုက်တာကြောင့် ကုတင်အောက်တွင် ထိုင်ကာအိပ်ပျော်နေသောliamနိုးလာလေသည်။
"အကို အကို အဆင်ပြေလားဟင် သက်သာလား ဘယ်နားတွေနာနေသေးလဲ အဖျားရောကျပြီလား ကျွန်တော့်ကို ကိုယ်ပူလေးပေးစမ်းပါဦး"
နိုးနိုးချင်း မေးခွန်းတွေတရက်စပ်မေးပြီး စိတ်ပူနေဟန် liamရဲ့ လက်ဟာ phuwinရဲ့နဖူးပြင်သို့ရောက်လာလေသည်။
DU LIEST GERADE
Can We be again?(Pondphyuwin)
SonstigesPondphyuwin fanfiction အခုမှပထမဆုံးရေးတဲ့ Fic လေးပါ အမှားတွေပါခဲ့ရင်လဲခွင့်လွှတ်နားလည်ပေးပြီး ထောက်ပြပေးပါဦးနော်🙇🏻♀️🖤 **' Can we be again ' သည် ကိုယ်တိုင်ကြုံရတဲ့အဖြစ်ပျက်အနည်းငယ်ကို ထည့်ရေးပြီး အချို့သည်စိတ်ကူးယဉ်သက်သက်ဖြစ်ပါသည်။** ဒီFic မှာ...