Chapter 120

1.5K 184 3
                                    

Unicode

ကျန်တဲ့နှစ်ယောက်ကလည်း တကယ်ကောင်းတဲ့မှတ်ချက်မျိုးပေးကြတယ်။ အခုက ကုမျန်အလှည့်ပဲ။

ကုမျန်က မိုက်ကိုယူပြီး အမှန်အတိုင်းပဲပြောလိုက်တယ်။

"မင်းတို့ရဲ့ဖျော်ဖြေမှုက သာမန်ဆန်လွန်းတယ် အဲ့ဒါက ငါ့ကိုတကယ်ပျင်းရိစေတယ်"

လုကျန်း လီရှောင်းဟယ် နင်ဖေးနဲ့ လုတင်းတင်း "....."

မိန်းကလေးကုလို့မပြောရဘူး ၊ သူမက တကယ်ကို လိုအပ်ချက်မြင့်မားတာပဲ။

စင်ပေါ်ကမိန်းကလေးတစ်ယောက်က ပြောလာတယ်။

"ဒါပေမယ့် ကျန်တဲ့ လေးယောက်က ကျွန်မတို့ ကောင်းကောင်းဖျော်ဖြေသွားတယ်လို့ ပြောလာတာပဲ"

ကုမျန် ခေါင်းကိုစောင်းလိုက်တယ်။ သူမလည်း သူမပြောလိုက်တာက အရမ်းတည့်တိုးဆန်သွားတယ်လို့ ထင်ပါတယ်။

"ငါ့အမြင်က ငါနဲ့ပဲဆိုင်တယ် ငါ့အမြင်မှာ မင်းတို့ရဲ့ဖျော်ဖြေမှုက သိပ်မကောင်းဘူး"

အဲ့ဒီအချိန်မှာ လီရှောင်းဟယ်ကပြောလာတယ်။

"အကဲဖြတ်ဒိုင်တွေက တစ်ယောက်ချင်းစီမှာ သီးသန့်သတ်မှတ်ချက်တွေ ရှိကြတာကြီးပဲ မကြိုက်တာမျိုးရှိတာက ပုံမှန်ပါပဲ"

ဒီကောင်မလေးက ကုမ္ပဏီက ပစားပေးထားတဲ့ပုံမျိုး။ တခြားသူတွေ သူ့ကိုချီးကျူးနေတုန်းကဆို သူ့ပုံက ပီတိဖြစ်နေတဲ့ပုံပေါက်တယ်။ ဒါကြောင့်ပဲ သူမက ဒီ showကိုဝင်လာတုန်းက သူမရဲ့အချက်အလက်တွေကို သေချာမဖော်ပြခဲ့ဘူး ။ သူမက အဲ့ဒါကိုလက်မခံနိုင်ဘဲ ကုမျန်ကိုဆက်ပြောချင်နေဆဲပင်။

"ဒိုင်လေးယောက်လုံးက professionalတွေ ကုမျန်တစ်ယောက်ထဲကပဲ အဲ့လိုပြောတာ ပြီးတော့ သူပဲ ကွဲထွက်နေတာလေ"

သူမစကားတွေထဲမှာ ရန်စချင်တဲ့အငွေ့အသက်တွေ သိသိသာသာပါ၀င်နေတယ်။

သူမက ရှင်းရှင်းပဲ ကုမျန်ရဲ့အသိပညာကို မေးခွန်းထုတ်နေတာ။

ကုမျန်က သူမရဲ့လက်နဲ့မေးထောက်ထားပြီး ဂရုမစိုက်တဲ့မျက်နှာနဲ့ ဆက်ပြောလိုက်တယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now