"မကြိုက်ဘူး ငြင်းတယ်"
ဂျောင်ဝန်းဟာညစာမစားခင် သူ့ဖခင်ပေးထားသော ဖိုင်ငယ်အား ထမင်းစားပွဲပေါ်တင်ရင်း ပြောလိုက်သည်။
"ထပ်ပြီးတော့လား မင်း"
ဥက္ကဌယန်း၏အသံဟာ ထမင်းစားခန်းတစ်ခုလုံးကိုတုန်တက်သွားစေနိုင်သည်အထိ ကျယ်လောင်နေခဲ့ပါသည်။ သို့ရာတွင်အအော်ခံရသူမှာ သူ၏ညစာကိုသာအာရုံစိုက်ကာစားနေခဲ့သည်။
"မင်းထပ်ပြီးငြင်းခွင့်မရှိဘူးယန်းဂျောင်ဝန်း မင်းကိုလက်ထပ်ဖို့လာကမ်းလှမ်းတာတွေကိုငြင်းခဲ့တာ ဘယ်နှစ်ယောက်လဲ နည်းနည်းတွက်ကြည့်စမ်းပါဦး"
ဂျောင်ဝန်းကသက်ပြင်းသာချရင်း ပခုံးလေးမြောက်ကာ
"မမှတ်မိဘူး"
"တစ်မြို့လုံးကအယ်လ်ဖာတွေကုန်တဲ့အထိ ငြင်းဖို့စဉ်းစားနေတာလား ယန်းဂျောင်ဝန်း"
ဥက္ကဌယန်းဟာ သူ့၏တစ်ဦးတည်းသောအိုမီဂါသားလေးအားတကယ်ကိုစိတ်တိုနေပြီဖြစ်သည်။ မိတ်ဖက်ရှာရမဲ့အရွယ်ရောက်တာတောင် ဒီကောင်လေးဟာ စိတ်မအေးအောင်လုပ်သည်။ သူများအိမ်တော်တွေမှ အိုမီဂါကလေးတွေဆိုလျှင် အချိန်တန်လို့ သူတို့ဘာသာရှာလာသည့်လက်တွဲဖော်နှင့် အိမ်ထောင်ပြုလျှင်ပြု၊ အဲ့လိုမှမဟုတ်လျှင် အိမ်ကတွဲဖက်ပေးသည့်လူနှင့်အသာတကြည်လက်ထပ်ကြသည်သာဖြစ်သည်။ သို့ပေမဲ့ သူတို့ယန်းအိမ်တော်ကကလေးကတော့ နှစ်ခုလုံးဖြစ်မလာပေ။
ဂျောင်ဝန်းဟာ လက်ထဲမှစားလက်စတူအား အသာချရင်း သူ့ဖခင်၏အကြည့်များကိုသေချာပြန်ကြည့်ကာ
"ဒယ်ဒီကျွန်တော့်ကိုဒီလိုမျိုးရှာပေးနေသ၍ပေါ့"
ဂျောင်ဝန်း၏သွေးအေးလှသည့်အသံကြောင့် ဥက္ကဌယန်းဟာသူ၏မျက်နှာအား လက်ဖဝါးများဖြင့်ပွတ်သပ်ကာ စိတ်လျော့ရင်း
"ကဲ ဒါဆိုမင်းကဘာလုပ်ချင်တာလဲ ကိုယ့်ဘာကိုယ်လက်တွဲဖော်ရှာလာမှာလား"
"အချစ်မပါတဲ့အိမ်ထောင်ရေးကို လုံးဝလက်မခံနိုင်ဘူးဒယ်ဒီ"
"မင်းအခုအသက်၂၃နှစ်ရောက်တဲ့အထိ တစ်ယောက်တောင်မရှာနိုင်သေးဘဲ ဘာကိုအချစ်လဲ ကိုယ်တိုင်ကမရှာဘဲ အဲ့အချစ်ကရောက်လာမယ်ထင်နေတာလား"