ဂျုံဆောင်း ဂျောင်ဝန်းနှင့်မတွေ့ရသည်မှာတစ်ပတ်ကျော်ပြီးနှစ်ပတ်ထဲသို့ရောက်လာခဲ့ပြီဖြစ်သည်။
ဂျောင်ဝန်းကထိုနှစ်ပတ်အတွင်းသူ့အခန်းထဲကနေဘယ်အပြင်မှမထွက်သလို ဘယ်သူနှင့်မှလည်းစကားကောင်းကောင်းမပြောခဲ့ပါ။
စားချိန်သောက်ချိန်တိုင်း မစ္စယန်းကသွားပို့လေ့ရှိသလို အိမ်အကူလေးများကလည်းအလှည့်ကျသွားပို့ပေးရသည်။ အမေဖြစ်သူကဂျုံဆောင်းစောင့်နေသည်မလို့ ထွက်တွေ့ဖို့အမြဲပြောပေမဲ့ ခေါင်းမာသည့်ကလေးက အရိပ်ယောင်ကိုထွက်မပြပါ။
ပြက္ခဒိန်ကိုကြည့်ကာ သက်ပြင်းချမိသည်။ သူ့မှာဒီကလေးကိုချော့ဖို့ရက်မကျန်တော့ပါချေ။
ပုံမှန်လည်းဂျုံဆောင်းကrutကာလတိုင်းခရီးထွက်သည်ဟုပြောကာ သူ့ကိုယ်ပိုင်တိုက်ခန်းမှာသာ တစ်ယောက်တည်းသွားနေတတ်သည်။ ယခုအခါတော့ သူ့ကိုမချော့ရသေးဘဲခရီးထွက်သွားသည်ဟုကြားလျှင် ဂျောင်ဝန်းကပိုပြီးစိတ်ဆိုးမှာအမှန်ပင်။ သူကလည်းဂျောင်ဝန်းနဲ့အစိုင်အခဲတွေမကျေလည်သေးဘဲ ထားမသွားချင်ပါဘူး။
ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသည့်စကားအတိုင်းပဲ ဂျုံဆောင်းမဖြစ်ချင်တာတွေကဆက်တိုက်ဖြစ်ပြီး နောက်နေ့မနက်မှာပဲဂျုံဆောင်း၏rutကာလစတင်တော့သည်။ အရင်ကဆိုrutမစခင်ရက်တည်းကတိုက်ခန်းမှာသွားနေတာဖြစ်ပေမဲ့ ယခုအခါတော့ရသည့်အချိန်လေး ဂျောင်ဝန်းကိုချော့ချင်တာဖြစ်လို့ မသွားမိခဲ့သည်ဖြစ်ရာ ဂျုံဆောင်းကသူ့၏အခန်းထဲ၌သာ အိမ်ကလူတွေကိုအကြောင်းကြားလို့တံခါးပိတ်နေနေရသည်။
သူ့ကိုဂျောင်ဝန်းဒီ့ထက်ပိုပြီးစိတ်မကောက်တော့ရင်ကောင်းမှာပဲ။
____________________________
ဂျောင်ဝန်းအခန်းထဲသို့နေ့လည်စာလာပို့သည့်အိမ်အကူဝန်ထမ်းလေးမှာ သူတို့အကိုလေး၏ အရင်နေ့များထက်တင်းမာနေသည့်အခြေအနေကြောင့်သတိထားနေရသည်။
"ဟိုလူအခုချိန်ထိရောက်မလာသေးဘူးလား"
ရှူးရှူးရှဲရှဲဖြင့်ဂျောင်ဝန်းကမေးသည့်အခါ အိမ်အကူလေးမှာ ပြေးပေါက်ပိတ်ရသည်။