*1*

351 21 0
                                    

သူနိုးလာတဲ့အချိန်မှာပတ်ဝန်းကျင်တစ်ခုလုံးကမှောင်မဲလို့နေသည် တိတ်ဆိတ်နေတဲ့အပြင်အခန်းတစ်ခုလုံးကမှောင်နေတာမို့သူကြောက်နေမိသည် ဘာတွေဘယ်လိုဖြစ်ခဲ့မှန်းလဲသူမသိတော့ နောက်ဆုံးမှတ်မိတာကသူငယ်ချင်းတွေနဲ့အတူတူပါတီကိုသွားခဲ့​တာပင်

"နိုးလာပြီလား?"

"ဟင်... အစ်ကိုကဘယ်သူလဲ?"

"ငါ့ကိုမသိလဲရတယ်"

"ကျွန်တော်ဘယ်ရောက်နေတာလဲ? ဘာဖြစ်လို့ဒီကိုခေါ်လာတာလဲ?"

"စိတ်ဝင်စားစရာမေးခွန်းဘဲ"

သူရှေ့တို့းလာတော့ကြောက်ပြီးနောက်ကိုဆုတ်မိသွားသည် မေးဖျားကနေဆွဲကိုင်ကာ... "ချစ်စရာလေးဘဲ အဲ့တာကြောင့်မို့အကုန်လုံးကမင်းကိုသည်းသည်းလှုပ်​ကြတာထင်တယ်"

"ကျွန်တော့်ကိုပြန်လွှတ်​ပေးပါ ပြီးတော့အစ်ကို့ကိုသိလဲမသိဘူး ဘာလို့ဒိလိုလုပ်ရတာလဲ? ကျွန်တော့်ဆီကဘာလိုချင်လို့လဲ?"

"ကျစ်! စကားတအားများတာဘဲကွာ မင်းပါးစပ်ကိုပိတ်ထားလိုက်တော့ ငါဒေါသထွက်လာရင်မင်းကိုတစ်ခုခုလုပ်မိလိမ့်မယ်"

မျက်ဝန်းလေးထဲကနေမျက်ရည်တွေကျလာပြီး... "ကျေးဇူးပြုပြီးကျွန်တော့်ကိုလွှတ်ပေးပါ! ဟင့်! ကြောက်တယ် အစ်ကို့ကိုကြောက်တယ် ကျွန်တော်နဲ့ဘာရန်ညှိုးများရှိခဲ့လို့လဲ?"

"အေး! မင်းနဲ့တော့ရန်ညှိုးမရှိဘူး ဒါပေမဲ့မင်းမိဘတွေကိုဆုံးရှုံးသွားတဲ့အရသာကဘာလဲဆိုတာခံစားကြည့်စေချ​င်တယ် အရင်ကငါ့အပေါ်လုပ်သွားတဲ့ကိစ္စလိုမျိုး"

"ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော်တောင်းပန်ပါတယ် ကျေးဇူးပြုပြီးလွှတ်ပေးပါ"

"အား... နားညီးတာ မင်းဒီမှာနေခဲ့လိုက်တော့"

"ဟင့်အင်း!! မဟုတ်ဘူး!! ကျေးဇူးပြုပြီးကျွန်တော့်ကိုသွားခွင့်ပေးပါ!! ဒီထဲမှာပိတ်မထားပါနဲ့!! ကျွန်တော်ကြောက်တယ်!! ကျွန်တော်တောင်းပန်ပါတယ်!!" အခန်းထဲကကောင်လေးတစ်ယောက်ရဲ့ငိုကြွေးခြင်းက အပြင်ကကောင်လေးအတွက်တော့နားဝင်ချိုနေသလိုပင်~
.
.
**15.7.2023 အရေးပေါ်ကြားဖြတ်သတင်း တောင်ကိုရီးယားဝန်ကြီးချုပ်ဂျင်းယူရဲ့အငယ်ဆုံးသားပြန်ပေးဆွဲခံရ**

Baby,I'm Shadow Of YouWhere stories live. Discover now