အွန်းဆော့လဲထိုစာကိုယူပြီးဖတ်ပြီးစဥ်းစားနေမိသည် "*ထိုကလေးသူတစ်ယောက်ထဲတော့လာနိုင်မှာမဟုတ် ကြည့်ရတာအဲ့လူပါပါလာမှာ ဒီစာကိုထားခဲ့တာသူလာတယ်ဆိုတဲ့အရိပ်အမြွက်ပေးတာဘဲ*"
["အင်း... ဘယ်လိုအခြေအနေရှိလဲ? ငါစုံစမ်းခိုင်းထားတာသိရပြီလား? စီစီတီဗွီမှာရောအဲ့ကလေးကိုတွေ့လား? သူနဲ့ပါလာတဲ့လူရောဘယ်ကလဲ?"]
["တွေ့ပါတယ်ဥက္ကဌလေး ကျွန်တော်တို့တွေ့တာနှစ်နေရာဘဲရှိတယ် ဥက္ကဌလေးရဲ့အမျိုးသားနားနေခန်းထဲကိုဝင်သွားတာရယ် ကားပါကင်မှာရယ်ပါ ကားပါကင်မှာတော့ရိုက်မိထားတာရှိပေမဲ့ဝါးနေပါတယ်"]
["ကောင်လေးကသူ့သာသူတစ်ယောက်ထဲလစ်ထွက်လာပြီးလာထားသွားတာနေမယ် ဒါနဲ့သူတို့စီးလာတဲ့ကားအမျိုးအစားရောသိလား?"]
["သိပါတယ်ဥက္ကဌလေး နောက်ဆုံးကားလေလံတင်ပွဲမှာ၃ဆပေးပြီးနိုင်သွားတဲ့တစ်ယောက်ပါ သူ့ကိုလိုက်ရှာတာအခုထိလဲမသိရသေးပါဘူး ဒါပေမဲ့သူ့သတင်းကတော့တော်တော်ကျော်ပါတယ်"]
["မင်းထိပ်တန်းကြီးထဲမှာဘယ်သူ့ကိုပြေးမြင်လဲ? ငါမြင်နေတာတစ်ယောက်ဘဲရှိတယ်"]
["ကျွန်တော်ကတော့နှစ်ယောက်လို့မြင်တယ် ဘာလို့လဲဆိုတော့ဝန်ကြီးချုပ်ကိုလိုက်တိုက်ခိုက်နေတဲအဖွဲ့ကလူကပိုက်ဆံပေးခိုင်းတယ်လို့မြင်ပါတယ် နောက်တစ်ယောက်ကကျတော့ ပတ် ဝန် ဘင်း ပါ"]
["ပတ် ဝန် ဘင်း? သူကဘယ်ကပါလာတာလဲ?"]
["ဘာလို့ဆိုအချမ်းသာဆုံးထဲမှာသူ့နာမည်ကထိပ်ဆုံးပါ ကာစီနိုဝိုင်းတွေမှာလဲသူကအမြဲနိုင်တဲ့သူမို့ သူ့ကိုလဲထင်မိပါတယ် ကြည့်ရတာတော့ သူတို့ကြားမှာအညှိုးတစ်ခုခုရှိမယ်ထင်တယ်အဲ့ဒီတစ်ယောက်ရဲ့ဖြေကြားချက်တွေကိုကြည့်ရင်သိပါလိမ့်မယ်"]
["ကောင်းပြီ ငါ့ကိုသူ့အကြောင်းတွေရော... သူဖြေထားတဲ့အင်တာဗျူးတွေရဲ့မှတ်ချက်တွေကအစပို့ပေးပါ ငါစုံစမ်းကြည့်မယ်"]
["သတိထားပါဥက္ကဌလေး အရမ်းအန္တရာယ်များတာမို့ ဥက္ကဌအသက်ပါထိခိုက်လာနိုင်ပါတယ်"]
YOU ARE READING
Baby,I'm Shadow Of You
Romanceမင်းမိဘတွေရဲ့အပြစ်ကို မင်းကိုဘဲခံခိုင်းမှာ!ဒါဟာမင်းအတွက်ဝဋ်ကြွေးဘဲ!