"အင်းးးး ဟင်... အစ်ကို?"
"နိုးပြီလား? ဘယ်အချိန်ရှိပြီဆိုတာရောသိလား?"
"ဟို... ဟို... ဟိုဟာ..." လက်နှစ်ဖက်ကိုပွတ်ချေကာ သူ့ကိုကြောက်ပြီးဘာပြောရမှန်းမသိတဲ့ကောင်လေးကိုကြည့်ကာ ပြုံးမိလိုက်သည်
"တာရိုကအမူးပြေဟင်းချိုလုပ်ပေးထားတယ် မျက်နှာသစ်ပြီးသွားစားလိုက်"
"ဟုတ်ကဲ့ပါ"
"ဒါနဲ့မနက်ဖြန်ကြငါနဲ့တစ်နေရာလိုက်မလား?"
"ဘယ်ကိုလဲဟင်?"
"လိုက်မနေပါနဲ့ မင်းလိုက်နေရင်လဲဘာအကျိုးမှထူးလာမှာမဟုတ်ဘူး မျက်ရည်နဲ့မျက်ခွက်ဖြစ်ပြီးပြန်လာမှာ"
"အစ်ကို့သဘောပါ ကျွန်တော်ကအဆင်ပြေတာမို့"
"ငါအလုပ်သွားရမှာ ဒီနေ့တစ်နေကုန်တာရိုရှိတာမို့ မင်းကိုအဖော်လုပ်ပေးလိမ့်မယ်"
"ဟုတ် အစ်ကို ကောင်းကောင်းသွားပါ"
ချန်းယောင်းတစ်ယောက်ဝန်ဘင်းကိုခင်တွယ်နေမိပြီလားမေးရင် သူ့အစ်ကို့ကိုခင်တွယ်နေမိတာအမှန်ပင် တစ်ခါတစ်လေကြောက်ဖို့ကောင်းပေမဲ့ တစခါတစ်လေကျသူ့ကိုဂရုစိုက်ပေးသည် ချန်းယောင်းသာစိတ်ဖတ်သူဆိုလျှင် ဝန်ဘင်းစိတ်ထဲဘာတွေတွေးနေလဲဆိုတာသိချင်မိသည်
"ချန်းယောင်းလေးနိုးပြီလား? မနေ့ကဝန်ဘင်းအရက်တွေတိုက်လိုက်တယ်ဆို"
"ဟို... အစ်ကို့ကိုကြောက်တာရော... ကျွန်တော်လဲစိတ်ညစ်နေတာနဲ့သောက်မိသွားတာ ၅ခွက်ထဲပါ"
"သောက်လို့မဆူပါဘူး အခုချိန်ချန်းယောင်းလေးစိတ်ညစ်နေတာဘဲ ဝန်ဘင်းကတစ်ခုခုလုပ်သွားမှာဘဲဆိုးတာ"
"အဲ့အစ်ကိုထူးဆန်းတယ်နော် မနက်ကလဲကျွန်တော့်ကိုမနက်ဖြန်အပြင်ထွက်မလားတဲ့"
"ဟင်... သူကလေ?"
"ကျွန်တော်အံ့သြနေတာ ပြီးတော့မျက်ရည်မျက်ခွက်ဖြစ်နေမှာဆိုးလို့ဆိုပြီးမခေါ်တော့ဘူး"
"အော်... အပြင်သွားချင်လို့လား?"
"သွားလဲသွားချင်တယ် မသွားလဲမသွားချင်ဘူး သူ့ကိုကြောက်လို့"
YOU ARE READING
Baby,I'm Shadow Of You
Romanceမင်းမိဘတွေရဲ့အပြစ်ကို မင်းကိုဘဲခံခိုင်းမှာ!ဒါဟာမင်းအတွက်ဝဋ်ကြွေးဘဲ!