Unicode ...
ကျတော်မျိုးဘဝမှာသစ္စာဖောက်ခံရတာကိုအမုန်းဆုံးပဲအရှင် ကျတော်မျိုးရဲ့အချစ်ကိုမတုံ့ပြန်ရင်နေပါမလှည့်စားပါနဲ့ ကျတော်မျိုးကအချစ်ကြီးသလိုအမုန်းလည်းကြီးတဲ့သူတယောက်မို့ ကျတော်မျိုးရဲ့အမုန်းတွေကိုခံရတဲ့အခါအရှင်ပျော်ပျော်ကြီးခံယူနိုင်ပါစေ။
ကချေသည်မင်.....
ကိုယ်တော့်ဘဝမှာ မင် တယောက်ထဲကိုသာမြတ်မြတ်နိုးနိးချစ်ခဲ့ရတာပါ မင်....အခုလည်းချစ်ရသလို နောက်ဘဝတွေများရှိခဲ့ရင်လည်း မင် တယောက်ထဲကိုသာချစ်သွားချင်မိတယ် မင့်အပေါ်ထားတဲ့ကိုယ်တော့်အချစ်တွေကို တိုင်တည်ပြီးသစ္စာပြုပါတယ် နောင်ဘဝဆက်တိုင်း မင်နဲ့သာတွေ့ခွင့်ရပြီး မင့်ကိုချစ်ခွင့်ရတဲ့ သူတစ်ဦးဖြစ်ရပါလို၏။ကိုယ်တော့်အပြစ်တွေအတွက်ပေးဆပ်ပြီး ချစ်ပေးသွားမှာမို့ မင်လေးက လက်ခံပေးပါ။
ရှင်ဘုရင်ဂျွန်.......
##################
"ကျတော့်ဘဝကမလှပခဲ့ဘူး လှပဖို့လည်းမမျှော်လင့်တော့ဘူး။ဘဝပေးကံကြမ္မာမို့ ဘယ်သူ့ကိုမှလည်းအပြစ်မဆိုချင်တော့ဘူး နေရတဲ့ဘဝမှာ ပျော်အောင်ပဲနေလိုက်တော့တယ်။ငယ်စဉ်ကတည်းကအချစ်မခံရတဲ့ဘဝမို့ ချစ်ခြင်းမေတ္တာကိုတောင်းတမိတာတော့အမှန်ပါ။ဒါပေမယ့် ကျတော့်ကိုချစ်ခြင်းမေတ္တာတွေပေးပြီးချစ်ပေးလူတယောက်ရှိလာပေမယ့် ထိုလူ့ကို ဘာကြောင့်မှန်းမသိအလိုလိုမုန်းနေမိတယ်။
မင်းငါ့အပေါ်ဘာအပြစ်မှမလုပ်ဖူးသလို မင်းနဲ့ငါကလည်းတခါမှမတွေ့ဆုံဖူးတဲ့လူတွေပါ ဒါပေမယ့် မင်းကို ငါမုန်းတယ်ဂျောင်ကု မင်းမျက်နှာကိုမြင်တာနဲ့အလိုလိုမုန်းမိနေတာ မင်းပြုံးလိုက်ရင် ဒီရင်ဘက်ကစူးနစ်အောင်နာကျင်နေတယ် မင်းအပြုံးတွေကိုမမြင်ချင်ဘူး ဂျောင်ကု။
YOU ARE READING
The truth and The curse (သစ္စာတရားနဲ့ကျိန်စာ)
Fanfictionကိုယ့် အချစ်တွေနဲ့တိုင်တည်ထားတဲ့သစ္စာတရားကမင်းအမုန်းတွေကနေဖြစ်တည်လာတဲ့ ကျိန်စာတွေကို ဖျောက်ဖျက်ပစ်နိုင်မယ်လို့ ကိုယ်ယုံကြည်တယ် မင်.....