T&C - 3❤️‍🔥

309 37 10
                                    

Unicode

ရှေးခေတ်တူရိယာအစုံမှ ပျံ့လွင့်လာတဲ့သံစဉ်တွေနဲ့ လိုက်လျောညီထွေစွာ လူအများရဲ့အလယ်မှာ ဖြူလွင့်လွင့်ပဝါလေးနဲ့ ကပြဖျော်ဖြေနေသူ။

သံစဉ်အလိုက် ယိမ်းနွဲ့နေတဲ့ခန္ဓာကိုယ်လေး စူးရဲတဲ့မျက်လုံးတွေကိုသာမြင်ရပြီး ပိုးပဝါအပါးလေးအုပ်ထားတဲ့ ကချေသည်လေးက လက်ဆစ်လေးတွေကို အချက်ကျကျချိုးချလိုက် လေထဲဝေ့ယမ်းလိုက်နဲ့ ကချေသည်လေးရဲ့အကတင်ဆက်မှုကို ကြည့်ရှုနေသူတို့၏ စိတ်အလုံးစုံကိုဖမ်းစားထားလေသည်။

လက်သေးသေးလေးတွေမှာချည်နှောင်ရစ်ပတ်ထားတဲ့ ပဝါဖြူအရှည်လေးကိုဝေ့ယမ်းကာ ခန္ဓာကိုယ်ကို လေပေါ်လှည့်ပြီး ခုန်လိုက်တိုင်း အဖြူရောင် ဘောင်းဘီအရှည်လေးအောက်မှာထွက်ပေါ်လာသော ခြေသလုံးဖြူဖြူလေးတွေဟာ မြင်ရသူတွေအဖို့အာခေါင်ခြောက်စေသည်အထိ။

ဦးခေါင်းထက် ဆံသားပျော့ပျော့‌လေးတွေ
တဝက်ကို ထုံးထားပြီး ကျန်တဝက်ကို ပုခုံးတစ်ဖက်ဆီမှာ ချထားသည်။ဆံထုံးထက်မှာလည်း လခြမ်းပုံ ဆံထိုးလေးကိုထိုးထားသည်။
မျက်နှာမှာအုပ်ထားတဲ့ ပဝါလေးကြောင့် ကချေသည်လေးရဲ့ အလှကိုသေချာမမြင်ရပေမယ့်လည်း ကြည်‌လင်‌တောက်ပနေပြီး ညှို့ယူနိုင်လွန်းတဲ့ လခြမ်းပုံ မျက်လုံးလေးတွေနဲ့ပင် ဖွဲ့နွဲ့စရာကဗျာရယ်လို့မရှိရအောင် လှလို့နေသည်။

...................................

"You are the causes my euphoria"📞📞

ဖုန်း ringtone သံကြောင့် ဂျောင်ကုတယောက် အိမ်မက်မှ နိုးထလာခဲ့သည်။အရင်တုန်းက ဝိုးတဝါးပုံရိပ်တွေနဲ့ စကားသံတွေကိုသာမြင်မက်ခဲ့ရပြီး နိုးလာတိုင်းမျက်ရည်နဲ့ အခုတခါတော့ မတူကွဲပြားစွာ ပုံရိပ်တွေကထင်ရှားလာပြီး တကယ့်လက်တွေ့ ကြုံတွေ့နေရသလို ထင်ထင်ရှားရှား။အခုမှ ဒီလို သေချာမြင်တွေ့ရတဲ့အိမ်မက်မို့ လက်မလွှတ်ချင် အချိန်ကောင်းကို‌ရောက်မှ ဝင်လာတဲ့ ဖုန်းကောလ်ကိုသာအပြစ်တင်မိသည်။

"ပြော စောစောစီးစီးဘာကိစ္စလဲ"

"ဘာကို စောတာလဲနာရီကြည့်အုံး နေဖင်ထိုးလို့ ဖင်ခေါင်းထဲတောင်ဝင်နေပြီ ခုထိမထသေးဘူးလား"

The truth and The curse (သစ္စာတရားနဲ့ကျိန်စာ)Where stories live. Discover now