T&C - 7

232 32 8
                                    

"ဒို့ပါ ဂျောင်ကု"

တခန်းလုံးရှိလူများ၏ အကြည့်များသည် အသံလာရာဆီသို့လှည့်ကြည့်လိုက်ကြသည်။အသံလေးကချိုသလို လှပပြီး ပုရိသတိုင်းရဲ့ စိတ်အစုံကိုဖမ်းစားနိုင်တဲ့ မိန်းခလေးဟာ လူနှစ်ယောက်ရဲ့ အမြင်မှာတော့ လုံးဝမကြည့်ချင်သော ဖြစ်တည်မှူဖြစ်နေလိမ့်မယ်လို့ ဘယ်သူထင်မိမှာလဲ။

"လာပြီလား ဆိုအာ အကိုအခုပဲ ဂျောင်ကုကိုပြောတော့မလို့ ဆိုအာနဲ့ ဂျောင်ကုတွဲသရုပ်ဆောင်ရမယ့်အကြောင်းကို"

ဂျောင်ကု ဟိုဆော့ကိုကြည့်တော့ သူလည်းကြောင်တောင်တောင်ဖြစ်နေတာမို့
အကိုဟိုဆော့လည်း မသိလောက်ဘူး။အရင်ကတည်းက ရှင်းဆိုအာ ဆိုတဲ့မိန်းမနဲ့ တွဲလုပ်ရမယ့်အလုပ်ကိစ္စမှန်သမျှကို ငြင်းလာခဲ့တာ။အခုလည်း ဒီမိန်းမနဲ့သာဆို သူလက်ခံမှာမဟုတ်ခဲ့။
ခဏခဏအငြင်းခံရလည်း အမှတ်မရှိတာလား မသိ။သူနဲ့လုပ်ရမယ့် အလုပ်ကိစ္စတိုင်းကို ထိုမိန်းမဘက်က ငြင်းဆိုမှုတခါမျှမရှိခဲ့။ကြားရတဲ့သတင်းတွေအရတော့ ရှင်းဆိုအာဆိုတဲ့မိန်းမက ဘယ်လောက်ချေတက်ကြောင်း ဘယ်လိုမာနကြီးကြောင်းတွေပေါ့ အခုတော့ ကြားရတဲ့သတင်းတွေနဲ့ခြားနားနေတဲ့ ရှင်းဆိုအာကို မျက်မှောင်ကျုံ့၍သာကြည့်လိုက်သည်။ဒါတောင် မျက်နှာပြောင်တိုက်ပြီး ပြုံးပြနေသေးသည်။

"အကိုဟိုဆော့!"

"အာ! အေး"

ဟိုဆော့လည်း ဂျောင်ကုအကြောင်းသိသူမို့ ဒီကိစ္စကိုသူပြန်ဆွေးနွေးရလိမ့်မည်။ တက်သစ်စတွေနဲ့တောင် မခွဲခြားအလုပ်တွဲလုပ်တဲ့ ဂျောင်ကုဟာ ရှင်းဆိုအာလို နာမည်ကြီးဒိတ်ဒိတ်ကြဲတယောက်ကိုတော့ အမြဲငြင်းဆိုခဲ့သူ။အကြောင်းပြချက်မေးတော့လည်း ကြည့်မရလို့တဲ့။ဒါကရေရာတဲ့အကြောင်းပြချက် ဟုတ်မနေပေမယ့်လည်း သူစိတ်သဘောထားကသာအဓိကမို့။ရှင်းဆိုအာနဲ့ တွဲလုပ်ရမယ့်ကိစ္စတိုင်းကို သူကအရင်ကြိုဖျက်ခဲ့ရသည်။အခုတခါကတော့ သူကိုယ်တိုင်လည်းမသိခဲ့တာမို့ ဒီအထိရောက်လာခြင်းဖြစ်သည်။

"ကျတော်တစ်ခုလောက်ပြောချင်ပါတယ် ကျတော်တို့ပထမတခေါက်ဆွေးနွေးတုန်းက အခုလိုတွဲဖက်ပါမယ်လို့မပြောခဲ့ဘူးနော် ဒါကဘာသဘောပါလဲမန်နေဂျာကြီး"

The truth and The curse (သစ္စာတရားနဲ့ကျိန်စာ)Where stories live. Discover now