"ထယ်!!! "
"ဂျီလေး"
"ထယ် မေမေ ဘယ်လိုဖြစ်တာလဲ ပြောပါဦး ဘာဖြစ်တာလဲလို့"
ဂျီမင့်ရဲ့ပုံစံဟာ အရူးမီးဝိုင်းစောင့်တည်ရာမရဖြစ်နေသည်။မျက်ဝန်းမှေးကျဉ်းကျဉ်းထဲမှာလည်း မျက်ရည်တွေ အိုင်ထွန်းလို့နေသည်။
"ငါလည်းမသိဘူး ဆရာဝန်တွေတော့ဝင်သွားတယ်အခြေအနေစောင့်ကြည့်ရမှာပဲ "
"အမေက မနေ့ကငါနဲ့ဖုန်းပြောနေတာအကောင်းလေ အခုမှချက်ခြင်းဘာလို့ အဟင့်"
"မငိုပါနဲ့ကွာ အခြေအနေစောင့်ကြည့်ရအောင် အန်တီဘာမှမဖြစ်လောက်ပါဘူး"
"မေမေ တစ်ခုခုဖြစ်သွားရင် ငါဘယ်လိုလုပ်ရမလဲထယ်ရဲ့"
ထယ်ယောင်းကို ဖက်ပြီး ငိုနေတဲ့ဂျီမင့်ကို ဂျောင်ကု ဒီတိုင်းသာကြည့်နေရုံသာတက်နိုင်သည်။အမှန်ဆို ဒီလိုအချိန်မျိုးမှာ မင်းကိုနှစ်သိမ့်ပေးတဲ့သူက ကိုယ်ဖြစ်ချင်တာပါအသေးလေးရယ်။
"ဂျီမင်"
"ဆရာ ကျတော်အမေ သက်သာလား အဆင်ပြေလားဆရာ"
"........"
"ဆရာ ပြောပါဦး အမေသက်သာတယ်မလားလို့"
"စိတ်မကောင်းပါဘူး ဆရာလည်းတက်နိုင်သလောက်ကြိုးစားပါတယ် ဒါပေမယ့် လူနာကိုယ်တိုင်ကလက်လျှော့သွားတာပါ အဲ့တော့ဆရာတို့လည်းမတက်နိုင်တော့ဘူး"
"မဟုတ်ဘူးမလား မဖြစ်ရဘူး မဟုတ်ဘူးမလားလို့ တယောက်ယောက်ပြောပေးပါ မဟုတ်ဘူးမလားလို့"
ဂျီမင် အော်ဟစ်ငိုကြွေးပြီး မထိန်းနိုင်တော့တဲ့အဆုံး ကြမ်းပြင်ပေါိထိုင်ချငိုကြွေးတော့သည်။သူ့ဘဝမှာတစ်ဦးတည်းသောမိသားစုဝင် ခင်တွယ်စရာဆိုလို့ တစ်ဦးတည်းရှိတဲ့ သူ့အမေကပါသူ့အနားမရှိတော့ဘူးဆိုတော့ ပြိုလဲချင်လဲ ပြိုလဲချင်စရာပါ။
"ဒါ ဂျီမင့်အမေက ဂျီမင့်ကို ပေးခဲ့တာပါ"
ဒေါက်တာပေးတဲ့ စာလေးကို ဂျီမင်တုန်ရီနေသောလက်များနဲ့ယူပြီး ဖွင့်ဖတ်လိုက်သည်။
*သား ဂျီလေး သားအခုချိန်ငိုနေမှာမေမေသိတယ် မေမေ့ကိုချစ်ရင်မငိုပါနဲ့နော် မေမေသားလေးကိုထားပြီး အစောကြီးထွက်သွားခဲ့ရတဲ့အတွက်တောင်းပန်ပါတယ် မေမေရဲ့တာဝန်မကျေခဲ့မှုတွေအတွက်ရော သားလေးကိုအားနာလှပြီ မေမေကအမေတယောက်တာဝန်မကျေတဲ့အပြင် မေမေ့သားလေးကို ဒုက္ခတွေပဲပေးနေမိတယ် မေမေမရှိတော့တဲ့နောက်ပိုင်း ပျော်အောင်နေပါ အတိတ်ကမကောင်းမှုမှန်သမျှကိုလွှတ်ချခဲ့လိုက်တော့ အထူးသဖြင့် ဟိုလူယုတ်မာကိုပေါ့ မေမေမရှိတော့တဲ့အတွက်သူ့ကိုသားလေးသည်းခံစရာမလိုတော့ဘူး သားလေးဘဝအတွက်ပဲသားလေးတွေးပါ သားလေးပျော်နေတာပဲမေမေမြင်ချင်တယ်
သားဂျီလေးရဲ့. မေမေ*
YOU ARE READING
The truth and The curse (သစ္စာတရားနဲ့ကျိန်စာ)
Fanficကိုယ့် အချစ်တွေနဲ့တိုင်တည်ထားတဲ့သစ္စာတရားကမင်းအမုန်းတွေကနေဖြစ်တည်လာတဲ့ ကျိန်စာတွေကို ဖျောက်ဖျက်ပစ်နိုင်မယ်လို့ ကိုယ်ယုံကြည်တယ် မင်.....