Unicode
တချိန်လုံး ဒီလိုနှိပ်စက်မှုတွေကိုခံလာရပြီးပြီ ခုလည်းဆက်ခံရဦးမှာပေါ့ ဘာတက်နိုင်မှာလည်း။
လေပေါ်မှာလွှဲလိုက်တဲ့ လက်ရဲ့အရှိန်ဟာ မျက်နှာနုနုပေါ်ကျရောက်လာခဲ့ရင် ခံနိုင်ရည်ရှိပါ့မလား။ဖြစ်လာမယ့်နာကျင်မှုတွေကို မျက်စိစုံမှိတ်ခံယူယုံအပြင်မတက်နိုင်ခဲ့။သို့သော်.....
ဖြောင်း!!!!!
ရိုက်လိုက်တဲ့အားဘယ်လောက်တောင်ပြင်းလဲဆိုတာ ကြားရတဲ့အသံနဲ့တင် သိသာစေသည်။ဒါပေမယ့် ထိုရိုက်ချက်ဟာ ကိုယ့်မျက်နှာပေါ်တော့ ကျမလာခဲ့။မျက်လုံးဖွင့်ကြည့်လိုက်တော့ ကျတော့်ဘက်ကိုကျောပေးထားတဲ့ ကျောပြင်ကျယ်ကြီး။
"အဆင်ပြေလား အသေးလေး ဘယ်နားထိသွားသေးလဲ"
ကျတော့်အစားအရိုက်ခံလိုက်ရတာသူလေ။ဘာလို့ကျတော့်ကိုပဲတွေးပူနေတာလဲ။ကျတော်ကရော ဘာလို့သူ့ကိုမြင်တာနဲ့ တစ်ခုခုကိူအားကိုရသွားသလိုခံစားလာရပြီး အားကိုးချင်သွားတာလဲ။မေးခွန်းတွေများလိုက်တာ ဒီလိုအဖြေမသိတဲ့မေးခွန်းတွေကို ကိုယ့်ကိုယ်ကိုမေးမိအောင် မင်းဘာလို့လုပ်နေတာလဲ ဂျောင်ကုရယ်။
"ငါဘာမှမဖြစ်ပါဘူး မင်းမျက်နှာထိသွားတယ်မလား"
"ဘာကိုဘာမှမဖြစ်တာလဲ အသေးလေးရယ် မင်းရဲ့ပါးနုနုလေးမှာ အကျည်းတန်တဲ့လက်ဝါးယာကြီးရှိနေတယ်မလား ဒါသူလုပ်တာမလား"
ပထွေးဖြစ်သူကို အကြည့်စူးစူးတွေနဲ့ကြည့်လိုက် ချစ်ရသူလေးကို နူးညံ့ညင်သာတဲ့အကြည့်တွေနဲ့ပြန်မေးလိူက်နဲ့ ဂျောင်ကုဟာအတော်ကို အပြောင်းအလဲမြန်နေသည်။
"မင်းကဘာကောင်မို့ ငါတို့မိသားစုကိစ္စထဲဝင်ပါတာလဲ။အခုတော့ခံရပြီမလား။ငါကတော့မတောင်းပန်နိုင်ဘူး။ကိုယ့်အကြောရှည်မှုနဲ့ကိုယ်ပဲ"
"ခင်များ စောင့်ပါးစပ်ပိတ်ထား"
ဂျောင်ကု စကားအတော်များတဲ့ ဂျီမင့်ပထွေးကို အသံနက်ကြီးနဲ့အော်လိုက်တော့တိတ်ဆိတ်သွားသည်။လူတယောက်ကိုထသတ်တော့မလားထင်ရအောင် ကြောက်ဖို့ကောင်းတဲ့ဂျောင်ကုသွင်ပြင်ဟာ ဂျီမင့်ဘက်ကိုလှည့်လိုက်တာနဲ့ အပြစ်ကင်းစင်တဲ့ ယုန်ပေါက်လေးသဖွယ် ချက်ခြင်းပြောင်းသွားလေသည်။
YOU ARE READING
The truth and The curse (သစ္စာတရားနဲ့ကျိန်စာ)
Fanficကိုယ့် အချစ်တွေနဲ့တိုင်တည်ထားတဲ့သစ္စာတရားကမင်းအမုန်းတွေကနေဖြစ်တည်လာတဲ့ ကျိန်စာတွေကို ဖျောက်ဖျက်ပစ်နိုင်မယ်လို့ ကိုယ်ယုံကြည်တယ် မင်.....