လန်ဒန်မြို့မှအချစ်ဇာတ်လမ်း...........
စိုင်းခန့် သည်သူ့အလုပ်ခန်းထဲတွင်ထိုင်နေပြီးတစ်စုံတစ်ယောက်အကြောင်းစဥ်းစားနေသည်။ သူ့အကြောင်းကိုမစဥ်းစားရမနေနိုင်ဘဲ အားနေသူ့အကြောင်းပဲခေါင်းထဲဝင်လာတယ် အဲ့ကောင်လေးကဒီတိုင်းအစေခံဘဲလေ ဘာလို့ခေါင်းထဲဝင်လာရတာလဲ။ဒယ်ဒီကလည်း ကိုယ့်သားအကြောင်းမသိဘဲနဲ့သူနဲ့ပဲပေးစားနေတယ်။ ထိုအချိန်တွင်ဒယ်ဒီမှဖုန်းဝင်လားသည်။
"တီ တီ တီ!!!"
"ဟိုကောင် မင်းမြန်မာနိုင်ငံကိုပြန်လာခဲ့!!!"
"ဒယ်ဒီရာ လန်ဒန်မြို့မှာစော်ချောချောလေးတွေအများကြီးပဲ....."
"ပါးစပ်ပေါက်ပိတ်ထား မင်းကိုလင်ပေးစားမလို့"
"ဗျာ!!!"
"ဟိုကောင်လေးကိုပဲမင်းယူရမှာ မင်းမာမီကလည်းသဘောတူတယ်"
"ဟာဗျာ မာမီတို့ကလည်းဇွတ်ပဲ.."
"မနက်ဖြန်ပြန်လာခဲ့ မဟုတ်ရင်ကြိမ်လုံးစာမိမယ်"
"ပြီးရော ဒါပဲ"
တကယ်ပဲကွာ..။ ကိုယ့်သားကအဖြောင့်ဆိုတာမသိဘဲနဲ့ အားနေသူကိုပဲယူခိုင်းနေတယ်။ မပြန်လာရင်လည်းကြိမ်လုံးစာမိအုံးမယ် ချီးပဲ။
1 days later>>>>>>>>>>>>>>>>>>
မြန်မာပြည်ကြီးကိုပြန်ရောက်ခဲ့ပြီ။အသက် ၁၄ တည်းကလန်ဒန်မှာသွားနေခဲ့တာဆိုတော့ ၁၀ နှစ်တောင်ကြာခဲ့ပြီပဲ...။ လေဆိပ်ကိုရောက်သည်နှင့်ကောင်လေးတစ်ယောက်ကကျွန်တော်ကိုလက်လှမ်းပြနေသည်။အသားဖြူဖြူ ဆံပင်ညိိုညို မက်မောဖွယ်ရာလက်ချောင်းလှလှ သွယ်လျတဲ့ခန္ဓာကိုယ် မျက်ဝန်းနက်ညိုရောင် ယောင်္ကျားလေးပေမဲ့အတော်လှတဲ့သူပဲ အဟက်!!!။
"အကိုလေး ကျွန်တော်ပါ"
ဒီကောင်ဘာတုန်းကွ အသံကိုကချစ်စရာ။နေပါအုန်းငါကို အကိုလေး လို့ခေါ်တာတစ်ယောက်တည်းသောသူပဲရှိတာ သူမလား..။
"မင်း ဘယ်သူလဲ.."
"ကျွန်တော်နာမည်က သော်ပိုင်စေ..."
ဒီကောင်လေးကွာ တော်တော်ပြောင်းလဲလာတာပဲ။မှတ်တောင်မမိတော့ဘူး..။
YOU ARE READING
owner of my heart
General Fictionစိုင်းခန့်မောင်+သော်ပိုင်စေ နက္ခတ်တံခွန်+လွန်းရန်ပိုင်