မနက် ၃ နာရီမှအိပ်ပျော်သောကြောင့်အခုချိန်တွင် စိုင်းခန့် တစ်ယောက်အိပ်ရာနောက်ကျတော့သည်။ညတုန်းကရင်ခွင်ထဲတွင်အိပ်နေတဲ့သူကိုလည်းမတွေ့ရ။
စိုင်းခန့် လည်းလုပ်စရာရှိတာမြန်မြန်လုပ်ပြီး breakfast စားဖို့အတွက်အောက်ထပ်ကိုဆင်းလာသည်။ တစ်ယောက်သောသူကမီးဖိုချောင်မှာအလုပ်ရှုပ်နေသည်ထင်သည် စိုင်းခန့် ဆင်းလာတာကိုတောင်သတိထားမိပုံမပေါက်။ စိုင်းခန့် လည်းခပ်တည်တည်နဲ့ထိုင်ခုံတွင်ဝင်ထိုင်လိုက်သည်။"သား ညတုန်းကအိပ်ရတာအဆင်ပြေလား သားမက်လေးနဲ့ဟိုလိုဟိုလိုတွေဖြစ်သွားသေးလား"
"အဟွန့် အဟွန့်!!! ကော်ဖီတောင်သီးတယ် မာမီရယ် သားတို့နှစ်ယောက်စလုံးကအဖြောင့်တွေဥစ္စာ ဘယ်လို ဟိုလိုဟိုလိုတွေဖြစ်မှာတုန်း"
မာမီ၏အမေးစကားကြောင့် စိုင်းခန့် တစ်ယောက်ကော်ဖီထသီးတော့သည်။ တစ်ယောက်သောသူကကြားသွားသည်ထင်၏။ ကျွန်တော်ဆီအပြေးလာပြီးအဆင်ပြေရဲ့လား လာမေးသည်။ တော်သေးတာပေါ့ မာမီမေးလိုက်တဲ့စကားကိုမကြားလို့....။
"အကိုလေး အဆင်ပြေရဲ့လား..."
"ကျုပ်နာမည် စိုင်းခန့်မောင် စိုင်းခန့် ကိုဖြုတ်ပြီး မောင် လို့ခေါ်.."
"မောင်...."
စိုင်းခန့်တစ်ယောက်ဆွံံ့အသွားသည်။ အတည်ခေါ်လာသောသူကြောင့် စိုင်းခန့် ရင်ထဲလိပ်ပြာတွေပျံနေသကဲ့သို့နှလုံးခုန်သံဟာလည်းမြန်ဆန်နေသည်။ ငါတကယ်ကြီးဂေးသွားတာလား မဖြစ်နိုင်ပါဘူး ငါကအဖြောင့်ကွ..။
"ခွေးကောင် မင်းထိုင်နေရင်းနဲ့မသာပေါ်သွားတာလား!!!"
"အဆင်ပြေရဲ့လား..."
"ဘာဖြစ်သွားတာလဲ သား"
"ဟမ် အမ် မဟုတ်ပါဘူး ဘာမှမဖြစ်ဘူး.."
"ပိုင်စေ ကျုပ်နဲ့ခဏလိုက်ခဲ့"
"အခုမအားသေးဘူးလေ.."
"မရှည်စမ်းနဲ့ ကျုပ်ကလိုက်ဆိုလိုက်ခဲ့!!"
"ဟုတ်"
စိုင်းခန့် သည်သူကိုအခန်းထဲသို့ခေါ်လာပြီးအခန်းတံခါးကိုလော့ချလိုက်သည်။
YOU ARE READING
owner of my heart
General Fictionစိုင်းခန့်မောင်+သော်ပိုင်စေ နက္ခတ်တံခွန်+လွန်းရန်ပိုင်