"ပူလိုက်တာကွာ လော်တောင်ပြုတ်ထွက်တော့တယ် မင်းမေလင်လိုပဲ!!"
"နွေရာသီပဲလေ ဒီလောက်ပူတာကို.."
"အော် ကျုပ်ခန္ဓာကိုယ်ကိုလဲကြည့်အုံး တစ်ကိုယ်လုံးချွေးတွေ.... ငါ-ိုးမ!!!!"
စိုင်းခန် တို့နှစ်ယောက်ဧည့်ခန်းထဲတွင် ထိုင်၍ စကားပြောနေတုန်း စိုင်းခန့် အရှေ့တွင်ရောက်လာပိုးဟပ်။
"အဲ့ကိုယ်မေကိုယ်-ိုးပိုးဟပ် ကိုဖမ်းပြီးလွှင့်ပစ်လိုက်စမ်းပါ ချစ်ဆုံးရာ ကျုပ်ကြောက်လို့.."
ချက်ချင်းပင် မီးဖိုချောင်ထဲသို့ဝင်ပြေး၍ ပိုင်စေ ကိုအော်ပြောနေတဲ့သူကြောင့် ပိုင်စေ သက်ပြင်းချလိုက်မိသည်။ ပိုင်စေ ထက်ခန္ဓာကိုယ်ကြီးထွားတဲ့သူကြောင့် ပိုးဟပ်သေးသေးလေးကိုကြောက်လို့တဲ့။
ပိုင်စေ သည်အကြံတစ်ခုရသွားကာ ဆိုဖာပေါ်မှထ၍ပိုးဟပ်ကိုကောက်ယူလိုက်သည်။ထို့နောက် ပိုးဟပ်ကို တန်းလန်းကိုင်ထားပြီး စိုင်းခန့်ရှိသောမီးဖိုချောင်ကိုဦးတည်လိုက်သည်။ စိုင်းခန့်အနားသို့သွား၍သူ၏အင်္ကျီအတွင်းပိုင်းထဲသို့ပိုးဟပ်ကြီးကိုပစ်ထည့်လိုက်လေသည်။
"ကယ်ကြပါအုံးဗျို့!!!! ပိုင်စေ က ကျုပ်ကိုအနိုင်ကျင့်နေပါတယ် ငါ-ိုးပိုးဟပ်ကြီး!!!"
စိုင်းခန့်ကတော့အလန့်တကြားဖြင့် သူကိုယ့်တွင်ဝတ်ထားသောတီရှပ်အပွကြီးကိုချွတ်ချလိုက်သည်။ ပိုးဟပ်ကတော့ဘယ်ဘုံရောက်သွားတာလဲတော့မသိပေ။
"ပိုင်စေ လုပ်ရက်တယ်ဗျာ ကိုယ့်ယောင်္ကျားကို...."
အင်္ကျီချွတ်ကြီးဖြင့်ကြမ်းပြင်ပေါ်တွင်ထိုင်ကာပြောနေသောသူကြောင့် ပိုင်စေ အော်ရယ်မိတော့သည်။အော်ရယ်လိုက်တော့ ပိုင်စေ ကိုမျက်စောင်းထိုးလာသည်။ ပိုင်စေ လဲအားကျမခံပြန်၍မျက်စောင်းထိုးပေလိုက်လေသည်။
"ရတယ် ရတယ် ပိုင်စေ ကကျုပ်ကိုမျက်စောင်းထိုးရင်ကျုပ်လဲညကျရင် ပိုင်စေ ကို............နှုတ်ခမ်းနဲ့ပြန်ထိုးပြမယ်"
စိုင်းခန့် ၏စကားကြောင့် ပိုင်စေ ဖင်တွေပါကြိမ်းသည်။ရုတ်တရက် အဝတ်မဲ့နေတဲ့ စိုင်းခန့် ၏ ခန္ဓာကိုယ်ကိုကြည့်မိတော့ ဗလတောင့်တောင့် ပေါင်မုန့်ခြောက်လုံး အားကိုးချင်စရာကြီး အဟိ..။
YOU ARE READING
owner of my heart
General Fictionစိုင်းခန့်မောင်+သော်ပိုင်စေ နက္ခတ်တံခွန်+လွန်းရန်ပိုင်