စိုင်းခန့်နဲ့သူ့အပိုင်ကတော့ ဒီနေ့ အိမ်မှာပဲရှိနေကြသည်။ မာမီတို့ကတော့အလုပ်ကိစ္စဟုဆိုကာ တခြားမြို့ကိုထွက်သွားကြသည်။ စိုင်းခန့်ကတော့ညက ကိစ္စကိုတွေးပြီးပြုံးစိစိကြီးလုပ်နေပေသည်။ သူ့အပိုင်ကတော့ရှက်လို့မျက်နှာကိုဘယ်နားသွားထားရမလဲမသိပေ။
"အဟင်း ဟိုဟာလေ ရေချိုးတော့မလား မချိုးရင်ကျွန်တော်ချိုးမလို့ လိုက်ပို့ပေးပါလား..."
"ခင်ဗျားဘာသာခင်ဗျားသွားပါ့လား..."
"မင်းလုပ်ထားတာမင်းမသိဘူးလား!!"
"အစွာလေးပဲ ကဲ ကျုပ်ကဘာလုပ်ထားလို့တုန်း"
ညက ရန်ပိုင် ပေးလိုက်တဲ့ဆေးကိုအမှုန်ခြေပြီး ကိုယ့်ဘာသာကိုယ်ပြန်သောက်မိလိုက်သည်။ အကျိုးဆက်ကတော့......
"မသိဘူး တော်ပြီ ကိုယ့်ဘာသာပဲလမ်းလျှောက်တော့မယ်"
"ဟောဗျာ.."
ဒီအဖိုးအိုပေါက်စနဲ့တော့ခက်ပြီ ဆိုဖာပေါ်မှာထိုင်တာတောင်ဖင်တကြွကြွနဲ့ဥစ္စာ။ ဘယ်သူကစပြီးမြူဆွယ်တာလဲမသိပါဘူး...။ မနေနိုင်တဲ့အဆုံး သူရဲ့ကိုယ်လုံးလေးကိုပဲပွေ့ချီပြီးခေါ်သွားတော့သည်။
"မေးစရာရှိတယ်..."
"မေးစေဗျာ..."
"ချစ်လား.."
"မချစ်ဘူး"
"ဟင့် ဒါဆိုမချစ်ပဲနဲ့ဘာလို့လာနမ်းတာလဲ"
"မချစ်ဘူး သဘောကျတာ မြတ်နိုးတာ ပိုင်ဆိုင်ချင်တာ"
ဒီအခြေအနေထိရောက်နေပြီမို့ဝန်မခံလို့လည်းမရတော့ပေ။
"ဒီကောင့်ကခင်ဗျားအပိုင်..."
ရှက်ပြုံးပြုံးသွားသူလေးကတကယ်အသဲယားဖို့ကောင်းပါသည်။ နီရဲနေတဲ့ပါးလေးတွေ တကယ်ချစ်စရာကြီးပါဗျာ။
"ချပေးတော့ မင်းလက်ညောင်းနေမှာဆိုးလို့"
"ဟင့်အင်း ဒီလိုလေးပဲချီထားချင်တာ"
"ချပေးပါဆို"
"နမ်းရင်ချပေးမယ် ဘယ်လိုသဘောရ"
"ဟင့် လူယုတ်မာ.."
"ခင်ဗျားတစ်ယောက်တည်းကိုပဲယုတ်မာတာ"
YOU ARE READING
owner of my heart
General Fictionစိုင်းခန့်မောင်+သော်ပိုင်စေ နက္ခတ်တံခွန်+လွန်းရန်ပိုင်