ကျောင်းပိတ်သည့်........အားလပ်ရက်ဖြစ်သောကြောင့်.......နွေး ဖုန်းတစ်လုံးနှင့်ဂိမ်းဆော့ရင်း.... စားစရာမုန့်အပြည့်အစုံယူကာ.....အခန်းအောင်းနေလိုက်သည်။
ပွဲတိုင်းဆက်တိုက်ရှူံးနေသော်လည်း.......ထပ်ဆော့လို့မှရှူံးရင်နားပီဆိုကာ ဆော့နေသည်မှစလို့.....တစ်ပွဲမှမနိုင်သည့်အပြင်....မနားသေးပဲဆက်ဆော့နေမိသည်။
"ရားးးးးးး!!!!ရှူံးပြန်ပီလို့"
ခုံပေါ်သို့ခပ်ကြမ်းကြမ်းထိုင်ချရင်း......ဘေးနားရှိအာလူးကြော်ဘူးထဲမှ........တစ်ခုယူကာ စားလိုက်သည်။ ထပ်ဆော့ရန်လည်း......အားကုန်ခါနီးဖြစ်နေသည့်ဖုန်းကြောင့်.....စားပွဲပေါ်ပစ်တင်ကာ......အိမ်အောက်သို့ဆင်းလာလိုက်သည်။
"မေမေရေ....မေမေ"
"မေမေမီးဖိုထဲမှာသားငယ်"
မီးဖိုထဲဝင်လာတော့....ဟင်းချက်နေသည့်မေမေက.......အပေါက်ဝတွင်ရပ်နေသည့် နွေးကိုလှည့်ကြည့်၍ ပြုံးပြသည်။
"ဘာလိုလို့လဲ သားငယ်"
"ဟီး.....ဘာမှမလိုပါဘူးမေမေကလဲ......အယ် ခေါက်ဆွဲပြုတ်လေး"
"ရပ်!!...အဲ့တာသားငယ်မမဟာနော်......စားချင် ဟိုအပေါ်ကထဲမှာ မေမေအပြည့်ထည့်ထားတယ်.....ကိုယ်တိုင်ပြုတ်စားသား.......ပျားအုံဒုတ်နဲ့မထိုးချင်စမ်းနဲ့ကွယ်"
မေမေအပြောကြောင့် နွေး.....နှုတ်ခမ်းဆူလျက်သားဖြင့်......အိမ်ရှေ့ဧည့်ခန်းသို့ထွက်လာလိုက်သည်။.....တီဗီရှေ့တွင် ငုတ်တုတ်ထိုင်လိုက်တော့......ကိုရီးယားကားဖြစ်နေသောကြောင့်....ဘသူကြည့်နေသည်ဆိုတာ ခန့်မှန်းစရာမလို.....မမဖြစ်နေသည်ကိုအတပ်သိသည့် နွေးကခပ်ညစ်ညစ်ပြုံးရင်း.....ဘေးနားရှိ တီဗီရီမုကိုယူကာ......ကာတွန်းကားလိုင်းဘက်ပြောင်းပီး........ဆိုဖာနှစ်ခုကြားထဲသို့ဖွက်ထားလိုက်သည်။
ခနအကြာ.....ခေါက်ဆွဲပြုတ်ဘူးနှင့်.......အာလူးကြော် အပြင်မုန့်အစုံပွေ့ထားသည့်မမက......နွေးလိုင်းပြောင်းထားသည်ကိုမြင်တော့.....ခပ်သွက်သွက်ပြေးလာကာ....အော်တော့သည်။
"ဟာ......အငယ်လေးငါ့ဇာတ်ကားအခုပြန်ပြောင်းပေး......"
"ဘာလဲ......ဘာလို့ပြောင်းပေးရမှာလဲ......မပြောင်းပေးနိုင်ပါဘူး......နွေးလည်းကြည့်နေတဲ့ဟာကို"
