Part-5(Uni)

13 3 0
                                    


ထိုလူကြီးအိမ်ကပြန်ရောက်ထဲက......ခေါင်းကိုက်သောကြောင့်....အပေါ်ထပ်တက်ပီး.....နွေးအိပ်နေလိုက်တာ....ည7ခွဲလောက်တွင်....နိုးလာခဲ့သည်။
စိတ်အနည်းငယ်...မွန်းကြပ်နေသောကြောင့်.....နွေးတို့သူငယ်ချင်းသုံးယောက်နှင့်စကားပြောရန်...Group callခေါ်လိုက်သည်။

"အမယ်!!..ထူးထူးဆန်းဆန်း.....သက်နွေးအိမ်တို့က vcတွေဘာတွေခေါ်လို့ပါလား"

မျက်မှန်ကို ပင့်တင်၍.....အရင်ဆုံးဝင်လာသူက.....ထက်မြတ်နိုင်

"ပြောစရာရှိလို့ပေါ့ကွာ....."

"မင်းရုပ်ကဘာဖြစ်နေတာတုန်း.....ဘာလဲမင်းဖားသားကြီးက ဆူပြန်ပီလား"

"ဟင့်အင်း.....ဖေဖေမဟုတ်ဘူး"

"ဟမ်"

ခါတိုင်း.....သူ့အဖေကဆူတတ်သည်ဖြစ်၍.....မေးလိုက်မိကာမှ.......ဖေဖေမဟုတ်ဘူးဆိုလာသူကြောင့်.....ထက်မြတ်ကြောင်သွားသည်....

"နွေးရ....မင်းအိမ်မှာမင်းကိုအမြဲဆူနေတာဆိုလို့....မင်းဖားသားကြီးပဲရှိတာလေ.....ဘာလဲအန်တီကဆူလို့လား"

"မေမေက....မဆူပါဘူးကွာ"

"တန်တန်...တန်တန်.....သားတော်တို့ရဲ့မားမားကြွချီတော်မူလာပါပီလို့"

ထက်မြတ်နှင့်ပြောရင်း.....ခင်ဘုန်းနှင့်စဝ်ပိုင်ကဝင်လာသည်.....

"ကဲမယ်တော်......သားတော်မားမားတေ ပါးပါးတေလုပ်မနေနဲ့......နွေးရုပ်ကိုကြည့်အုံး"

"အယ်.....မားမားသားလေးပြောစမ်း...ဘသူကဆူလို့လဲ..."

"ဒေါ်ခင်ဘုန်းသက်နိုင်!!!!....ငါတော်တော်ဝမ်းနည်းနေတာနော်.....လာလာမစနဲ့"

နွေးပြောတော့ နှုတ်ခမ်းဆူ၍.....စိတ်ကောက်သွားသည် ဆိုသည့်ပုံစံလုပ်ပြနေတဲ့သူငယ်ချင်းမလေးကြောင့်.....ခပ်ဟဟရယ်လိုက်မိသည်။

"ဘာဖြစ်လာတာလဲနွေး....မျက်နှာမကောင်းဘူးဆိုတော့"

ထိုသို့မေးသူက စဝ်ပိုင်......

"ငါတို့ဟိုတနေ့ကဘောလုံးကန်တော့......ကိုလွင်ကြီးကိုတားတယ်လေ...."

"အေး"

"အဲ့တာ ကိုလွင်ကြီးသူဌေးဆိုတဲ့လူက....ငါ့ကိုအဲ့နေ့ကလည်းဆူတယ်လေ.....အဲ့အရင်ကသူနဲ့တစ်ခါတွေ့ဖူးတယ်....အဲ့တစ်ခါလည်းငါဆူခံရတယ်ကွာ.....ပီးတော့ ဒီနေ့ဖေဖေက....ရေပိုက်ပျက်နေလို့......ကိုလွင်ကြီးကိုပြင်ပေးဖို့သွားပြောခိုင်းလို့.......သွားပြောတာကွာ.....ခြံရှေ့ရောက်တော့အော်ခေါ်ပေမယ့် လူမရှိလို့....အိမ်ထဲတန်းဝင်သွားလိုက်တာငါက......ခွင့်ပြုချက်မယူပဲနဲ့သူ့အိမ်ထဲဝင်လာလို့တဲ့....ငါ့ကိုထပ်ဆူတယ်.....သုံးခါရှိပီလို့...အဲ့လူကြီးငါ့ကိုဆူတာသုံးခါရှိပီ"

ချစ်ခြင်းအရင်းခံ၍Where stories live. Discover now