Part-7(Uni)

15 3 0
                                    

"ဟာစဝ်ပိုင်.......အဲ့လိုကျော်နင်းကြေးလား......အေအေးမင်းတော့တွေ့ပီ"

ညနေကျောင်းဆင်း........လေးယောက်သားစက်ဘီးအတူတူနင်း​​ပြန်ရာမှ........အရှိန်တင်၍ကျော်ကာနင်းသွားသည့် စဝ်ပိုင်ကို......ထက်​မြတ်ကမကျေမချမ်းအော်ပြောကာ......နောက်မှအမြန်လိုက်နင်းသွားသည်ကိုကြည့်၍.....နွေးနှင့်ခင်ဘုန်း ပြိုင်တူခေါင်ရမ်းမိလိုက်သည်။

"အဲ့နှစ်ကောင်တည့်တဲ့နေ့........ငါလင်ယူပီသိလားနွေး"

ခပ်ရွဲ့ရွဲ့ပြောလာသည့်.....ခင်ဘုန်းကြောင့် နွေး....ခပ်သဲ့သဲ့ရီလိုက်မိသည်။

"အဲ့တာဆိုနင်အပျိုကြီးသာလုပ်လိုက်တော့......အဲ့နှစ်ကောင်က သိကြားမင်းဆင်းပြောတောင်မတည့်ဘူး"

နွေးအပြောကြောင့်........စက်ဘီးနင်းရာမှ ခင်ဘုန်းက......မျက်လုံးစွေကြည့်လာသည်။

စဝ်ပိုင်၊ ထက်မြတ်နဲ့ နွေးတို့သုံးယောက်က......မူလတန်းကတည်းကခင်တာဖြစ်ပီး.......ခင်ဘုန်းကိုတော့ လေးတန်းနှစ်......ကျောင်းပြောင်းလာမှခင်တာဖြစ်သည်။
လည်ပင်းဖက်ပေါင်းလာသည့်သူငယ်ချင်းများဖြစ်ရာ.....ထိုသို့စနောက်မှုမျိုးကို ဘသူမှစိတ်ထဲမထားတတ်ပေ။

အကျင့်စရိုက်မတူညီကြသည့်သူတို့လေးယောက်သူငယ်ချင်းဖြစ်လာပုံမှာ အနည်းငယ်ထူးဆန်းသည်။

စဝ်ပိုင်နှင့်နွေးတို့၏မိဘများမှာ......ငယ်သူငယ်ချင်းများဖြစ်ရာ......ကျောင်းအတူထားရင်းမှ......ကော်ရစ်တာမှာ ချော်လဲကာငိုနေသည့်.....ထက်မြတ်ကိုထူပေးရင်း စတင်သိကျွမ်းခဲ့ခြင်းဖြစ်သည်။ ခင်ဘုန်းကိုတော့......လေးတန်းနှစ်ရဲ့အစမှာ.......ခုံပေါ်ကအဆင်း ခြေချော်၍.......အတန်းခေါင်းဆောင်၏ ဘောင်းဘီကိုဆွဲချွတ်ချမိရာ.....တလွဲလုပ်တတ်၍ခင်လာခဲ့ခြင်းဖြစ်သည်။

ထိုသို့အလွဲလဲဲဖြစ်တတ်သည့်.......လေးယောက်.....ဆယ်တန်းရောက်သည်အထိ......ကြားလူဝင်မရအောင်......ခင်မင်ခဲ့လေသည်။

"နွေးရေ.....မြန်မြန်လာ ငါတို့တခြားနေရာတွေလည်းလျှောက်သွားရအောင်"

အတွေးထဲရောက်နေစဥ်.....ခင်ဘုန်း၏အပြောကြောင့်........နွေးခပ်သွက်သွက်နင်းလာခဲ့လိုက်တာ......​​ခြံအဝင်ရောက်.......စိန်ပန်းပင်အောက်မှာရပ်နေသည့်......ထက်မြတ်က စကားဆိုလာသည်။

ချစ်ခြင်းအရင်းခံ၍Where stories live. Discover now