နေလင်း, ရောက်တာတပတ်ကျော်ပီဖြစ်သော်လည်း......ကော်ဖီခြံဘက်သို့တခါသာရောက်သေးသောကြောင့်.....သွားရန်ထွက်လာလိုက်သည်။....ပုံမှန်ဆို သစ်လွင်ကိုယ်တိုင်လိုက်ပို့ပေမယ့်.....ဒီနေ့မှသစ်လွင်ကဖျားနေသောကြောင့်.....နေလင်းကိုယ်တိုင်ကားမောင်း၍ထွက်လာခဲ့ခြင်းဖြစ်သည်။ကော်ဖီခြံသို့သွားတိုင်း......အထက်တန်းကျောင်းရှေ့မှဖြတ်ရသည်။မနက်ခင်းကျောင်းတက်ခါနီးအချိန်ဖြစ်၍......ကျောင်းဝင်းအတွင်းဝင်ထွက်သွားလာသူ များဖြင့် ပြည့်နှက်နေသောကြောင့်.....ကားကိုခပ်ဖြေးဖြေးမောင်းလာလိုက်သည်။
ထိုစဥ်ကားမောင်းရင်း.....လွယ်လွယ်အိတ်ကိုယ်စီ
ဖြင့်အုပ်စုလိုက်ထွက်သွားသော.....ကျောင်းသားများကို....လိုက်ကြည့်ရင်း......လွယ်အိတ်ထဲမှ ဘေ့စ်ဘောတုတ်တံထုတ်လိုက်သည့် ကျောင်းသားကြောင့်......နေလင်းမျက်မှောင်ကျုံ့လိုက်မိသည်။ တစ်ဖန် ထပ်မြင်လိုက်ရသည့်......ရင်းနှီးသောမျက်နှာလေးကြောင့်......ကားကိုရပ်၍ ထိုကျောင်းသားများရှိရာသို့..ခပ်သုတ်သုတ်လျှောက်သွားလိုက်သည်။"အဲ့တာဘာလုပ်နေတာလဲသက်နွေးအိမ်!!..."
ထွန်းနိုင်တို့အုပ်စုနှင့်......ပွဲဖြစ်ခါနီး.....ကြားလိုက်ရသည့်အသံခပ်အေးအေးကြောင့်.....နွေးလှည့်ကြည့်မိတော့......ဟိုလူကြီး။ ဘယ်ကနေဘလိုရောက်လာသည်မသိ......ခပ်တည်တည်မျက်နှာဖြင့် နွေးကိုကြည့်ရင်း.....မေးလာသည့်အတွက်အဖြေကစဥ်းစားမရပေ။ ထိုလူကြီးကိုမြင်တိုင်း.....ဆွံ့အသွားတတ်သည့် ကိုယ်တိုင်ကိုသာ....အပြစ်တင်လိုက်ချင်တော့သည်။ဘေးနားကိုကြည့်လိုက်တော့လည်းထွန်းနိုင်တို့အုပ်စုရော........ထက်မြတ်ကပါမရှိတော့ပေ။ မြန်လိုက်တဲ့ သကောင့်သားတွေ ဘယ်အချိန်ထဲကပြေးသွားသည်မသိ။ သူ့ကိုတောင်မစောင့်ကြ။
"ကိုယ်မေးနေတယ်လေ!!!.....အဲ့တာဘာလုပ်နေတာလဲ"
"ဟို.....ဟိုနွေး"
"ထားလိုက်တော့.....ဘာဖြစ်နေတာလဲဆိုတာ.....ကိုယ်နဲ့မဆိုင်လို့မဖြေလို့ရတယ်......ကျောင်းတက်ဘဲလ်တီးသွားတာမကြားလိုက်ဘူးလား"
"ကြား....ကြားလိုက်ပါတယ်ဗျ"
နွေးအဖြေကို.....ခေါင်းတညိတ်ညိတ်ဖြင့်.....နားထောင်နေပြန်သည်။
