အပိုင်း_၅
.....
ဆော့မင် အခန်းထဲမှာ ရှုပ်ပွနေအောင်ဖွထားပြီး လက်ထဲမှာ ပုံတစ်ပုံနဲ့စာတစ်ရွက်ကိုင်ထားလေသည်။ထို့နောက် ဆောက်တည်ရာမရဖြင့် ကုတင်ဘေးမှာ အရုပ်ကျိုးပျက်ထိုင်ချကာ အော်လိုက်မိတော့ အိမ်အောက်မှ မိဘများ အပြေးရောက်လာကြေတာ့သည်။
"မင်နီး!..ဘာဖြစ်တာလဲ"
"အိုမား...အီး...သူ..သူလာသွားတယ်"
အမေကိုတွေ့တော့ အားကိုးတကြီး ထဖက်ရင်း တအီးအီးငိုနေသောေဆာ့မင်မှာ ကြောက်စိတ်ကစိုးမိုးနေလျှက်ရှိသည်။ နှာခေါင်းချွန်ချွန်လေးက ရဲတက်လာသည်ထိ တရှုံ့ရှုံ့ငိုနေတော့ မိခင်ဖြစ်သူမှာလည်းစိတ်မကောင်းနိုင်၊ သားငယ်ကို တင်းတင်းကြပ်ကြပ်ဖက်ထားပေးရုံသာ တက်နိုင်ရှာ၏။
"အရင်ဆုံး စိတ်အေးအေးထားဦးမင်နီး။ လာ အိုမားတို့ကို သေချာပြောပြ"
အမေက ချော့မြူပြီး အဖေကသူ့အတွက် ရေခပ်လာပေးတော့ ဆော့မင်လည်း အငိုရပ်လိုက်ပြီး အဖေယူလာပေးသောရေသောက်လိုက်သည်။ပြီးကာမှ ကုတင်ပေါ်မှာ သားမိတထွေထိုင်ကြရင်း ဆော့မင် လက်ထဲက ပုံကိုပြလိုက်သည်။
"မနေ့က ပြိုင်ပွဲမှာ သူပေါ်လာတာ။ သားစီနီယာနဲ့အတူ ပင်လယ်လည်းသွားခဲ့တယ်တဲ့...အိုမား သားကြောက်တယ်။ သူက အခုညဘက်တင်မဟုတ်ပဲ နေ့မှာပါပေါ်လာပြီ။ အဲ့လိုဆို သားကပျောက်သွားတော့မှာလားဟင်။ ဟင် အိုမား၊ အာပါး"
ဖခင်ဖြစ်သူက ဆော့မင်ပြတဲ့ပုံကိုကြည့်ပြီး ခပ်တွေတွေစဉ်းစားနေသည်။ ထို့နောက် တည်ငြိမ်စွာပဲ သားငယ်ကို ပြန်ကြည့်၏။
"သူကထွက်လာတာမဟုတ်ပဲ သားကအရင်ပျောက်သွားတာဆိုရင်ရော...."
"ဟင်......"
ဆော့မင်၏ မျက်လုံးကြည်ကြည်လေးများက ငိုထားလို့ ပိုလဲ့နေပြီး အဖေ့စကားကြောင့်တစ်ဖန် ပြူးကျယ်လာပြန်တော့ ကြယ်စင်လေးတွေစုဝေးနေသလိုပင်။
"သားမနေ့က ဘယ်အချိန်ထိ မှတ်မိလဲ"
ထိုအခါမှ ဆော့မင် မနေ့ကအဖြစ်ကို သေချာ စဉ်းစားမိသည်။