အပိုင်း_၉
.....
တစ်မိနစ်မှာ စက္ကန့်ခြောက်ဆယ်တောင်ရှိရင် တစ်နာရီဆို ..
"ခြောက် ခြောက်လီ သုံးဆယ့်ခြောက်။ သုံးထောင့်ခြောက်ရာ စက္ကန့်။ အဲ့တာကိုမှ ခြောက်နဲ့ထပ်မြှောက်ရင် ....."
ဆော့မင် ကျောင်းထဲ၀င်ရင်း လက်ချောင်းတွေ ချိုးလိုက်ကွေးလိုက် တွက်ချက်နေမိသည်။ စီနီယာနဲ့သူ တွဲတာ ခြောက်ရက်နဲ့ မနက်တစ်ပိုင်း....အတိအကျဆို ဘယ်လောက်များပါလိမ့် သူသိချင်လှ၏။
တစ်ချိန်တည်းမှာပဲ စက်ဘီးတစ်စီးဘေးကလာရပ်တော့ ကြည့်လိုက်ရာ မင်ဂယူနဲ့ မြောင်ဟိုဖြစ်နေသည်။ မြောင်ဟိုနဲ့ မင်ဂယူ တစ်အိမ်တည်းအတူနေပြီးတည်းက အရင်လို ဆော့မင်ကို လာခေါ်မယ့်လူမရှိတာကြောင့် ဆော့မင်မှာ ကားနဲ့သာ လာရသည်။ ပျင်းလည်းပျင်းသလို သူငယ်ချင်းများကို လွမ်းလည်းလွမ်းသည်။"မြောင်ဟိုရား နေကောင်းလား"
"ငါသေတော့မယ်လို့မင်းထင်လား"
"အို့!"
မြောင်ဟိုကတော့ သူ့အားတွေ့တိုင်း နေကောင်းလားပဲလိုက်မေးနေတဲ့ သူငယ်ချင်းနှစ်ယောက်ကို အနည်းငယ် စိတ်ပျက်နေဟန်ရသည်။ထိုအချိန် မင်ဂယူက စက်ဘီးတွန်းရင်း စူပုတ်ပုတ်ဖြစ်နေသဖြင့် ဒီလောက်ဆို ဆော့မင်လည်း သဘောပေါက်လိုက်ပြီ။ ဂင်မင်ဂယူတစ်ခုခုလုပ်ထားလို့ မြောင်ဟိုလို စိတ်အေးလက်အေးသမားက စောစောစီးစီးဒေါသထွက်နေတာဖြစ်ရမည်ပဲ။
သိချင်စောနဲ့ မေးဖို့ပြင်လိုက်ပြီးမှ ချိုးလက်စလက်ချောင်းတွေကို ပြန်ကြည့်မိပြီး အာရုံမှောက်သွားသည်။"အာရှီး!...သွားပြီ အကုန်မေ့ကုန်ပြီ"
လက်နှစ်ဖက်ကို မင်သေသေကြီးကြည့်ပြီး ပျက်ယွင်းစူအောင့်နေသောမျက်နှာကြောင့် မင်ဂယူက အကြောင်းအရင်းကိုမေးသလို မြောင်ဟိုလည်း နားထောင်နေသည်။
"ဘာမှမဟုတ်တော့ပါဘူး...။ မြောင်ဟိုရား"
ပြောစေဆိုသောသဘောနဲ့ မြောင်ဟို မျက်ခုံးပင့်ပြလိုက်ရာ ဆော့မင်က သူ့လက်တစ်ဖက်နဲ့ နောက်တစ်ဖက်က လက်နှစ်ချောင်းထောင်ပြလာသည်။