အပိုင်း_၂
.....
နေ့လည်ဘက်မှာ မိုးရွာမည်ဟု မိုးလေ၀ဿခန့်မှန်းချက်ရှိနေရာ မြောင်ဟိုနဲ့မင်ဂယူမှာ ထီးကိုယ်စီကိုင်ဆောင်လာကြသည်။
"မြောင်ဟို ဆော့မင်ရော"
"အိပ်နေတုန်းမို့ထားခဲ့တယ်"
"အော်။ ပြီးရင် သူ့အိမ်ကကားနဲ့လိုက်ပို့မှာထင်တယ်"
"အင်း၊ မင်းမနက်စာ စားလာပြီးပြီလား"
"စားလာပြီလေ။ "
ပြောပြောဆိုဆိုနဲ့ မင်ဂယူကရှေ့ရောက်သွားတော့ မြောင်ဟို အမှီလိုက်ရသည်။ ဒီချိန်ဆို ဘက်စ်ကားက လူကြပ်တာမို့ တိုးတိုးဝေ့ဝေ့စီးရပြန်ရာ စိတ်ရှုပ်လာတဲ့မြောင်ဟိုက မျက်နှာလေး မသာမယာဖြစ်လာတော့သည်။
...
"အာပါး မြန်မြန်မောင်းပါလို့။ နောက်ကျနေပါပြီလို့ဆို"
အပေါ်ထပ်မထူမပါးကို တစ်ခြမ်းစောင်းလျှိုထားပြီး ကားနောက်ခန်းကနေ ရန်ထောင်နေသော အဆိုးလေးကို အာပါးက ဘက်မှန်မှကြည့်၍ ခေါင်းခါနေသည်။
"ညက ဘယ်ချိန်ထိနေနေတာလဲ ဆော့မင်နီး"
ဂငယ်ကေွ့ကိုချိုးနေရင်းမှ သားငယ်ကို ဆူပူသံမဟုတ်သော အသံနေအသံထားလေးဖြင့်မေးလိုက်ရာ ခေါင်းလေး မလှုပ်တလှုပ်ဖြင့် သူ့အပြစ်သူသုံးသပ်နေသော ဆော့မင်သည် အာစေးကပ်နေ၏။
"ပြန်မဖြေဘူးလား။ ပြောထားတယ်လေ ညဘက်ဆို သေချာပေါက် စောစောအိပ်ဖို့။ ညက ဆေးရောသောက်လား"
"မီယားနဲ... မေ့သွားတယ်"
သူ့အဖြေကြောင့် အာပါးထံမှ သက်ပြင်းဖွဖွသံကိုကြားလိုက်ရသလို သူလည်းပဲ စိတ်ကျဉ်းကြပ်ရပါသည်။
ဆော့မင် ဒီဘ၀ကို လွန်စွာမှ စိတ်ကုန်နေပြီဖြစ်၏။"ရောက်ပြီ.. ဖြေးဖြေးဆင်း ။ ရား ထီး ထီးကျန်ခဲ့ပြီလို့ ဆော့မင်နား"
ကျောင်းရှေ့ကိုကားရပ်တာနဲ့ ပြစ်ဒဏ်ထိမှာစိုး၍ အမောတကောပြေးဆင်းသွားသောသားငယ်က နမော်နမဲ့ဖြင့် ထီးကျန်ခဲ့ရာ အာပါးမှာ လှမ်းအော်ပေးနေသော်ညား လှည့််မကြည့်လာပေ။