အပိုင်း_၁၀
....
မနက်အိပ်ယာထဖို့ အာပါးလာနှိုးတာနဲ့ ဆော့မင် တဝှားဝှားသမ်းရင်း အိမ်အောက်ဆင်းလာခဲ့သည်။ အောက်ရောက်ရောက်ချင်း ရေသောက်ဖို့ ရေခဲေသတ္တာကိုဖွင့်လိုက်တော့ အထဲမှာ စတော်ဘယ်ရီသီးများ ရဲနေအောင်တွေ့လိုက်ရ၏။
"အိုမား စတော်ဘယ်ရီတွေ ဘယ်တုန်းက ဒီလောက်အများကြီး၀ယ်ထားတာလဲ"
မေးလည်းမေးရင်း ကောက်ကနဲယူစားလိုက်တာက ပါးသောင်နှစ်ဖက်မှာတင်းကားလို့ေနသည်။
"သွားလည်းမတိုက်ရသေးပဲ ဆော့မင်ကအရမ်းညစ်ပက်တာပဲ"
ဆော့မင်ထိုအသံလာရာလှည့်ကြည့်မိတော့ စတော်ဘယ်ရီတွေကိုခြင်းနဲ့ရေစစ်ရင်း သူ့အနောက်မှာရပ်နေသော စီနီယာကိုတွေ့လိုက်ရ၍ မျက်လုံးလေးပြူးကျယ်သွားသည်။
"ဘယ်လိုလုပ်...."
"နောက်မှမေး မြန်မြန်ကိုယ်လက်သန့်စင်ခဲ့ ထမင်းစားရအောင်"
ထို့နောက် မီးဖိုထဲက အိုမားကထွက်လာပြီး မြန်မြန်သွားဖို့ ဆူငေါက်လိုက်၍ ဆော့မင် ကသန်းကရမ်းအူလည်လည်ဖြင့် အခန်းပြန်တက်လိုက်ရသည်။
အခန်းထဲရောက်တော့ မင်ဂယူ့ကို အရင်ဖုန်းဆက်လိုက်မိ၏။"မင်ဂယူရား..ငါ့တို့အိမ်ကို စီနီယာရောက်နေတယ် "
"ဘယ်သူ..။ ရှူအာဟျောင်းလား"
"အွန်း"
"သူကဘာလို့လဲ"
"မသိဘူးလေ"
"နေပါဦး မင်းမသိလို့ ငါ့လှမ်းမေးတယ်တော့ မပြောနဲ့နော် "
"ဟုတ်တယ်လေ ။ စီနီယာကဘာလို့လာတာလဲ"
"ရား! ငါကသိမလား။မင်းဟာမင်း စီနီယာကိုကိုယ်တိုင်မေးကြည့်ပါ့လား။"
"အာညီး..အဲ့လိုမဟုတ်ပဲ မြောင်ဟို့ကိုဖုန်းပေးပြီး မေးပေးလို့မရဘူးလား"
"မင်းဟာမင်းဖုန်းဆက်ပါ့လား ဘာလို့ငါ့ဆီလာဆက်နေသေးလဲ"
"ဘာလို့လဲ မင်းတို့ကအတူတူနေနေတာမဟုတ်ဘူးလား"
"အတူနေတာမှန်တယ် အတူမအိပ်ဘူး။ တော်ပြီ အဓိပ္ပာယ်မရှိတာမေးမှာဆို ဖုန်းချလိုက်တော့"