Part -1🍾

1K 70 135
                                    

# Unicode #


"အုံးကွမ် .. အုံးကွမ် .. အုံးကွမ် ... "

အသံကျယ်လောင်စွာ မြည်နေတဲ့ ဖားအော်သံ က သာယာတဲ့ မနက်ခင်းမှာ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လို့နေသည်။

" အုံးကွမ်.. အုံးကွမ် .. အုံးကွမ် .."

ထိုအခိုက်ကုတင်ပေါ်က အဖြူရောင် စောင် အလုံးထုတ်ကြီးကလည်း.. လှုပ်စိလှုပ်လဲ့ ဖြစ်လာ၏။

" ရားး ထပါပြီ ဆိုကွာ.. ငဖားရာ.. ဇွတ်အော်နေတာဘဲ..!! "

" အုံးးကွမ်.. အုံးးးကွမ် "

" ဖျောက် ! "

စောင်အပုံကြားထဲကနေ လက်သွယ်သွယ်တစ်ခုက ထွက်ပေါ်လာကာ.. ဘေးစားပွဲပေါ်က Alarm လုပ်ထားခြင်းမရှိတဲ့ ဖားပုံစံ နှိူးစက် နာရီကို ပိတ်လိုက်သည်။

" ဝှားးး "

မပွင့်တပွင့်မျက်လုံးတွေနဲ့ စောင်ပုံကြားကနေ ထထိုင်ပြီး.. လက်ကို မြှောက်ကာ ပျင်းကြောဆန့်လိုက်တဲ့သူ..

စုတ်ဖွာပြီး ခေါက်ဆွဲဖက်တွေလို ကောက်နေတဲ့ ဆံပင်တွေက ဖရိုဖရဲ နဲ့ ပုံပျက်ကာ.. အိပ်ရေးဝထားသည့် မျက်နှာက ဖောင်းအစ်နေလေသည်။

" ဝှားးး ပလက် ..! ပလက် ! ပလပ် ! .. "

ပါးစပ် အကျယ်ကြီးဟက သန်းဝေလိုက်ပြီး ပါးစပ်ကနေ အသံပေါင်းစုံထွက်ကာ လည်ပင်းကို ပွတ်နေသူက မျက်လုံးအစုံ မဖွင့်နိုင်သေးပေ။

တဖြေးဖြေး ငိုက်ကျသွားတဲ့ ခေါင်းနဲ့အတူ ဇတ်ငိုင် ငိုင် ကြီး အိပ်ပျော်လုဆဲ ဖြစ်သွားတဲ့ ထိုလူသားး

" အုံးကွမ် ! အုံးကွမ်!! "

" ဟမ်! ဟမ် ! "

နောက်တစ်ကြိမ်အော်သံကြားမှ မျက်လုံးတွေက ပြူးကျယ်လာကာ အလန့်တကြားနဲ့ မျက်နှာကို ပွတ်သတ်ပြီး စားပွဲဘေးကမျက်မှန်ကို ကောက်တပ်ကာ နာရီကြည့်လိုက်၏။

" အားးး  ရှစ်နာရီထိုးတော့မယ်.. ကွမ်ကွမ်ရေ.. မင်းလည်း အခုမှ နိုးတာမလားကွ! ဟမ်! နှိုးစက်သံမြည်တာတောင် မင်းက အိပ်နေသေးတယ် .. အစောကြီး ငါ့ကို နိုးပါလို့ဆိုတာ အားမကိုးရမဘူးး "

 🍾 Soulmate 🍾Where stories live. Discover now