Part -4 🍾

272 39 166
                                    

# Unicode #


"ညာဘက် တက် ဘယ်ချိုး ပြန်ဆင်း ညာချိုး ပြန်တက် ဘယ် ချိုး သုံးလှမ်း "

" "ညာဘက်... တက် !... ဘယ်ချိုး .. ပြန်ဆင်း! ညာချိုး .. ပြန်တက်! ဘယ် ချိုး သုံးလှမ်း.. "

ပါးစပ်ကနေခပ်တိုးတိုး ရွတ်ဆိုကာ ထယ်ယောင်းတစ်ယောက် ထိုအထုပ်ကြီးကို ပိုက်ပြီး.. ကော်ရစ်တာတစ်လျှောက် သွားနေလိုက်သည်။

ကျောင်းသား တစ်ချို့ကလည်း ကွက်ကြည့်ကွက်ကြည့်ရဲ့ ကျိတ်ရယ်သံတွေကြားနေတော့.. ထယ်ယောင်းက အနက်ရောင် ကိုင်းထူထူမျက်မှန်ကြီးကို လက်တစ်ဖက်ဖြင့်ပင့်တင်ရင်း... သွားအဖြီးသားဖြင့် အူကြောင်ကြောင်ရယ်ပြလိုက်၏။

" ရောက်ပြီ! ဟမ်! "

ဂျောင်ဂု လမ်းညွှန်သည့် အတိုင်းသွားတော့ သူရောက်လာသည့်နေရာက မူလ နေရာ ဖြစ်နေတာ မို့ အံ့ဩသွားသည်။

" ပုံစံတူ နေရာ နှစ်ခုလား.. "

ခပ်တိုးတိုးသာ ရွတ်ဆိုရင်း ခေါင်းကိုကုပ်ကာ အခန်းထဲ ဝင်ဖို့ပြင်လိုက်၏။

" ဝင်ခွင့်ပြုပါဗျ .! "

ခပ်ကျယ်ကျယ်အော်ကာ ခွင့်တောင်းပြီး ပြုံးပြုံးကြီးဖြင့်သာ... အင်္ဂလိပ် ဆရာ ရှေ့သွားကာ လက်ထဲက အထုပ်ကို ပေးလိုက်၏။

" ဆရာ့အတွက်ပါဗျ.. ဆရာ့အတွက် အသုံးလိုတယ်လို့ကြားလို့ပါဗျ.."

ရိုရိုသေသေဖြင့် ပြောကာပေးလိုက်တဲ့ ပစ္စည်းကြောင့်.. နားနေခန်းရှိ ဆရာမ ၊ဆရာ အားလုံး ကြောင်အသွားကြသည်။ အင်္ဂလိပ်ဆရာကတော့ တဖြည်းဖြည်းနီရဲလာတဲ့ မျက်နှာကြီးက ထူးဆန်းနေတာကို ထယ်ယောင်း သတိထားမိ၏။

" မင်းး.. မင်းး ကျောင်းသားသစ်မလား!! "

" ဟုတ်ကဲ့ပါခင်ဗျ! အခုနှစ်မှ ပြောင်းလာတဲ့ ကိုးတန်း အေ က ကင်မ်ထယ်ယောင်းပါဗျ.."

ထယ်ယောင်းက ရိုရိုသေသေဖြေလိုက်သည်။

" မင်း.. ဒီပစ္စည်းတွေ ဘာလို့ လာပေးတာလဲ! "

အင်္ဂလိပ်ဆရာက မျက်စိရှေ့က အထုပ်ကို ထယ်ယောင်း မတ်တပ်ရပ်နေတဲ့ဘက် တွန်းထုတ်လိုက်ပြီး..ပြောလာတဲ့ အားကျမခံ ထယ်ယောင်းကလည်း ဆရာ့ရှေ့ပြန်တွန်းပေးလိုက်ကာ..

 🍾 Soulmate 🍾Where stories live. Discover now