# Unicode #
ကျောင်းတက်တာ တစ်လကျော် နေပြီ.. ဟို ပိန်းဥကောင်က သူ့ကိုဆို လှည့်တောင်မကြည့်.. မျက်စိရှေ့ သွားရပ်ရင်တောင် မျက်လုံးကြီးမှိတ်ပြီး ကျော်သွားတာ.. ဒီလိူ ခံနေရတော့.. ဂျောင်ဂုတစ်ယောက် တင်းနေပြီလေ။
သူ့လို လူက ဘာမှ မဟုတ်တဲ့ ခပ်တုံးတုံး ပိန်းဥဆီက အချေခံနေရတာ များပြီမလား..ဒါမျိုးကတော့ ဂျောင်ဂုတို့က လက်မခံဘူးတွေတဲ့နေရာဂုတ်ဆွဲပြီး ကြောက်ပါပြီအော်ပြေးအောင် . လုပ်ပြမယ်.. ဟွန်းးး
အတွေးနဲ့အတူ ဂျောင်ဂုက smirk တစ်ခုကို ချိတ်ဆွဲထားလေသည်။ထိုအချိန် သူ့မြင်ကွင်းထဲဝင်လာတဲ့ ထယ်ယောင်း လက်ခုပ်ထဲမှာ တစ်ခုခုကို ကိုင်ထည့်ထားပုံရ၏။
" ဟက်! အတော်ဘဲ.. မင်းဒီနေ့တော့ ငါ့ကို ရှောင်လို့ မရတော့ပါဘူး.. မင်း နဲ့ငါ တွေ့ကျပြီတော့ ပိန်းဥလေးရယ်.. ဟွန်းး "
~
~
~
" မင်း အတန်းထဲရောက်ရင် ငြိမ်ငြိမ်နေနော် ကွမ်ကွမ်..! "
" အုံးကွမ် ! ကွမ် ! "
" ဟ! မင်း အချိန်ပြည့်အော်နေမှာဆိုးလို့သတိပေးတာ.. ငါ့မြန်း ဘာဖြစ်လို့လဲပြန်မေးနေသေးတယ်.. ဟွန့်.."
" အုံးကွမ်.. ! အုံး ကွမ်..! "
" အေးပါ.. ငြိမ်ငြိမ်နေမယ်ဆိုပြီးရော.. ! မင်းပါလာတာ ဟျောင်း မသိဘူး.. သိရင် သေချာပေါက် အပြောခံရမှာ.. တိတ်တိတ်လေးနေမှ ကြားလား.. "
" အုံးကွမ် ..! "
ထယ်ယောင်းက သူ့လက်ခုပ်ထဲ ထည့်ယူလာတဲ့ ကွမ်ကွမ့်ကို ပြောနေရင်း ပတ်ဝန်းကျင်ကိုမေ့လို့..
" ဟျောင့်! "
သူ့ပခုံးကို ရှေ့ကနေ တွန်းပြီး ခေါ်လာသူကြောင့် ခြေတစ်လှမ်း နောက်ယိုင်ကာ ဟန်ချက်ပျက်မလို.. ကြည့်လိုက်တော့ ဇိုးကြီးဘဲ။။ မတွေ့အောင်ရှောင်နေပါတယ်ဆိုမှ..
ပြဲစိန်လည်း.. ရှေ့က ဂျောင်ဂုလည်း တစ်ချက်သာကြည့်ပြီး မျက်လုံးကြီးကို ဇွတ်မှိတ်ကာ ဘေးနားကနေ လျှောက်သွားလိုက်၏။
YOU ARE READING
🍾 Soulmate 🍾
Fantasyခပ်ဆိုးဆိုးကျောင်းသားက ငါ့ရဲ့ ကောင်လေး.. ပိန်းဥ အူတူတူလေးက ငါ့ အပိုင် သခင်တွေက တကယ့်ကို ကြောင်နဲ့ကြွက် soulmate ... ( အုံးကွမ် .. အုံးကွမ် )!