# Unicode #
( အရင် အပိုင်းက ပြဲစိန်မှာ ဆံပင် ကောက်ကောက်တွေ ရှိတာနဲ့ ထယ်လေး ထင်ကြသူတွေဗျ..
တို့ အများရဲ့ ကုကီး လေးလည်း ဆံပင် အကောက်ပုံနဲ့ အချိန်ကြာကြာ နေဖူးပါတယ်နော်.. seven mv ထွက်တဲ့နောက်ပိုင်းလေ.. 🤭 အခုရော ထယ်လေးလို့ ထင်ကြသေးလား .. 🤪
အုံးကွမ်ကတော့ ဖားအော်သံမို့ ကွမ်ကွမ့်ကို ဖားလို့ မသိသူသာ ထူးဆန်းမှာပါ 😝 )
🍾
🍾
ဘူဆန် ကိုယ်ပိုင် အထက်တန်း ကျောင်းတော်တွင်း ခြေချလိုက်တာနဲ့ ရဲဝံ့တဲ့ သူအဖြစ်ဟာ ဒူးတွေတုန်နေသယောင်။ ဘေးက ဟျောင်းကတော့ တပြုံးပြုံးဖြင့်သာ ငေးနေပြီး သူတို့ကို ကြည့်သမျှ သူတွေရှေ့ ပဲပိကာ လမ်းလျှောက်နေသဖြင့် ဒူးတုန်နေသည့် သူ့အဖြစ်ကို သတိမထားမိပေ။
" ဟျောင်းး "
" ဘာလဲ ပြဲပြဲစိန်.. "
အခုချိန်နာမည်ခေါ်တာတွေ စိတ်ထဲ မထည့်အားသေး .. သူကြောက်နေတာကိုသာ သိသည်။
" ကျွန်.. ကျွန်တော် အီးပါ ချင်သလိုလို သေးပေါက်ချင်သလိုလိုဘဲ..! "
မျက်နှာကြီး ရှုံ့မဲ့ကာ လွယ်အိတ်ကြိုးကို ခပ်ကျစ်ကျစ်ဆုပ်ပြီး.. ဒူးအနည်းငယ်ကွေးကာ တဆက်ဆက်တုန်ယင်နေသည့် ကိုယ်လုံးနဲ့ သူ့ရှေ့က ညီတော်မောင်က တကယ် သရုပ်ပျက်စွာ..
" အဲ့ဆို အိမ်သာသွားကွာ.. ငါ အတန်းထဲကနေ စောင့်နေမယ်.."
ပြောပြီး ကော့တော့တော့ခြေလှမ်း လိမ်ဖယ်ဖယ် တင်ပါးတွေနဲ့ ထွက်သွားတဲ့ ဟျောင်းရဲ့ ကျောပြင်ကို ကြည့်ပြီး သူ မျက်နှာကြီးမဲ့မိသည်။ တကယ့်ကို အားကိုးလို့မရသည့် ဟျောင်း...
စိတ်လှုပ်ရှားမှုတွေကို စွန့်ထုတ်ဖို့အတွက် ဖြစ်ပေါ်လာတဲ့ ခန္ဓာဇီဝတွေကို ထုတ်လွှတ်ဖို့ သာယာသည့် အိမ်လေးဆီသို့ မှန်းတဆဆနဲ့ သွားဖို့ပြင်လိုက်၏။
~
~
~
စွန့်ထုတ်ပစ္စည်းတွေကို အားပါးတရ ထုတ်ပစ်ပြီးတော့ သူ့အနည်းငယ် စိတ်လှုပ်ရှားတာတွေပျောက်သွားသည်။ပထမဆုံးကျောင်းတက်တဲ့နေ့မှာ အလွှဲတွေ မရှိဖို့တော့ ဆုတောင်းရုံသာ...
![](https://img.wattpad.com/cover/371599826-288-k216958.jpg)
YOU ARE READING
🍾 Soulmate 🍾
Fantastikခပ်ဆိုးဆိုးကျောင်းသားက ငါ့ရဲ့ ကောင်လေး.. ပိန်းဥ အူတူတူလေးက ငါ့ အပိုင် သခင်တွေက တကယ့်ကို ကြောင်နဲ့ကြွက် soulmate ... ( အုံးကွမ် .. အုံးကွမ် )!