# Unicode #
" ဝေါ့.. ဆိုးလိုက်တဲ့ အနံ့ကြီးကွာ.. "
ထိုစကားက ဆော့ဂျင် ထိုင်နေတဲ့ဘေးမှာ ထိုင်နေသည့် ကပ်စီးနှဲကော်တရာ ကုပ်စီး ဆီကပင်။လျှာ တစ်တောင် လောက်ထွက်ကာ ရှုံ့မဲ့မဲ့မျက်နှာကြီးနဲ့ အုန်းမှုတ်ခွက်ကေ ဆံပင်ဝိုင်းဝိုင်း ကိုင်းထူထူ မျက်မှန်ကြီးနဲ့ကြည့်ရစိုးစွာ ပြောလာ၏။
ပြဲစိန် ရဲ့ အီးမိုင်းကြောင့် အတန်းသားအားလုံး အခန်းပြင်ထွက်သွားကြပေမဲ့ မထွက်သေးဘဲ ထိုင်နေကြသူမှာ ဆော့ဂျင် ၊ ကုပ်စီး.. ပတ်စ်ပုစိန် နဲ့ ကာယကံရှင် ပြဲစိန်သာ..
" ငါ... ငါတောင်းပန်ပါတယ်ကွာ .. အင့်.. ငါလည်း အောင့်ထားတာဘဲ အကျင့်ကပါနေတော့ ... အီးးး လွှတ်ခနဲ ထွက်သွားတာ.. "
ပြောရင်း ပြောရင်းး ရှိုက်ငိုလာသည့် သကောင့်သားကြောင့် အားလုံး သက်ပြင်းချမိသည်။ အထက်တန်းကျောင်းသားဘဲ ဖြစ်နေပြီ သူ့ကိုယ်သူ မူကြို ကလေးများ ထင်နေလား မသိ။
" ထားပါကွာ.. ကုပ်စီးရာ.. မင်း မကြားဖူးဘူးလား .."
" ဘာကိုလဲ !! "
ဂျီမင်က ပြောရာပြေကြောင်း စကားလမ်းကြောင်းလွှဲဖို့ စ လိုက်သည်။ကုပ်စီးက သိလိုစိတ်ဖြင့် မျက်မှန်အောက်က မျက်လုံးတွေကို အစွမ်းကုန်ဝိုင်းစက်စေစွာ ကြည့်နေ၏။
ထယ်ယောင်းက ရှိုက်နေသည့်ကြားက နားစွင့်နေသလို ဆော့ဂျင်ကလည်း ငြိမ်နေသည်။
" အဟမ်းး ဟို စကားပုံလေ..! အီးပေါက်တဲ့ဖင် ကျေးဇူးရှင်.. အီးရှုတဲ့ နှာခေါင်း ကျန်းမာရေး ကောင်း .. များများရှုလေ အသက်ရှည်တဲ့ "
ဂျီမင်က ပြောတော့ အားလုံး မျက်နှာတွင် ဇဝေဇဝါ ရိပ်တွေသန်းသွားသည်။
" မင်းဟာကလည်း ပေါက်ပေါက်ရှာရှာ ကွာ.. ! "
" ဟ! အတည်ပါဆို .. ! "
ဆော့ဂျင်နဲ့ ဂျီမင်က ငြင်းခုန်လာသည်။
" ဘာကြောင့် ကျိန်းသေ ပြောနိုင်ရတာလဲ !! "
" အဟမ်းး ဘာကြောင့်ဆိုငါက မသိတာ ဘာမှ မရှိဘူးလေ .. "
မျက်နှာကြီး မော့ချီကာ ပြောလာတဲ့ ဂျီမင် စကားအဆုံး ဆော့ဂျင်က မျက်လုံးလှန်ပြလိုက်သည်။
YOU ARE READING
🍾 Soulmate 🍾
Fantasyခပ်ဆိုးဆိုးကျောင်းသားက ငါ့ရဲ့ ကောင်လေး.. ပိန်းဥ အူတူတူလေးက ငါ့ အပိုင် သခင်တွေက တကယ့်ကို ကြောင်နဲ့ကြွက် soulmate ... ( အုံးကွမ် .. အုံးကွမ် )!