ခံစားကြည့်မှ သိမှာပါ

2.5K 6 0
                                    


ရေးသားသူ – မန္တလာမောင်မောင်တုတ်

“ ဟင်း……လာပြန်ပြီဟယ်…စိတ်ညစ်တယ်…..”

“ စိတ်ညစ်တယ် ”

ဟု ညီးတွားလိုက်သော မိန်းမလှလေး၏ ပါးအို့လေး အစုံက ပန်းသီးမှည့်လေးအလားရဲတက်သွားသည်..။ အသစ်ဖောက်လုပ်ထားသော လမ်းမကြီးပေါ်၌ စပရင်တာ အဖြူလေးတစ်စီးက ငြိမ့်ခနဲထိုးရပ်သွားသည်..။ ကားထဲမှ သပ်ရပ်ထွားကြိုင်းသော လူငယ်တစ်ယောက်က စက္ကူအိတ် ခပ်ကြီးကြီးနှစ်လုံးနှင့် ငါးသုံးလုံး လက်ဆွဲ ပလပ်စတစ်အိတ်တစ်လုံး ဆွဲကိုင်ကာ

“ သိမ့် – တေလာ ”

အပ်ချုပ်ဆိုင်ထဲသို့ လှမ်းဝင်လာသည်..။ အပ်ချုပ်ဆိုင်အတွင်း အစီအရီ တန်းစီထားသော ခြေနင်းစက်ချုပ်ခုံလေးလုံးအနက် လက်ဝဲဖက်ဒေါင့်မှစိတ်ညစ်တယ် ဆိုသော ကောင်မလေးမှ အပ အားလုံးက ရွှေမင်းသားလေးကို အပြုံးမျက်နှာဖြင့်ကြည့်နေကြသည်..။

“ ဟယ်…..မောင်မောင်…..ကြည့်စမ်း…အင်္ကျီ ချုပ်အုံးမလို့လား…..”

စက်ခုံများအနောက်မှ စားပွဲတစ်ခုမှ..ခပ်တောင့်တောင့် အမျိုးသမီးတစ်ဦးက ပေကြိုးကို လည်ပင်းမှာပတ်ရစ်ရင်း ဆိုင်ရှေ့ ထွက်လာသည်..။

“ ကျနော့် အစ်မက ဂျပန်က အစလေးတွေ ပို့လိုက်လို့….မမရဲ့…အဟင်း….”

“ အင်္ကျီ ချုပ်အုံးမယ်ပေါ့….အခုတစ်လထဲ ရှစ်ထည် ရှိနေပြီ……..”

“ ဟုတ်တယ်…ဒီလကျမှ မမက ဘာစိတ်ကူးပေါက်တယ် မသိဘူး….စွတ်ပို့နေတာပဲ….ဂျပန်က လူကြုံကလဲဒီလ တော်တော်လာတာ….”

စပို့ရှပ် အဖြူအောက်မှ ထွားစို့ မောက်ကားနေသော ရင်ဘတ်ကြီးများ ၊ လက်တို စပို့ရှပ် လက်စီးအောက်မှသန်မာကျစ်လျစ်သော လက်မောင်းအိုးကြီးများက ကာယဗလ အားကစားသမားမှန်း သိသာစေသည်..။ပြောင်တင်းနေသော စကိုင်းဘလူး ဂျင်းဘောင်းဘီကြောင့် ခန့်ထည်ထွားကြိုင်းသော ပေါင်တန်ကြီးများကတစ်တစ်ရစ်ရစ် ဖြင့် ကြည့်ကောင်းလှသည်..။ ခြေထောက်တွင် စီးနင်းထားသော ဝေါ့ကင်းရှူးအနက်ရောင် ဒီဇိုင်းကလည်း မြန်မာပြည်တွင် နောက်ဆုံးလိပ်တက်စ် ဒီဇိုင်းမှန်း သိသာထင်ရှားသည်..။

Blue Book collection Where stories live. Discover now