ရေးသားသူ – ရွှေဂျိုးဖြူလှဇော် သုဝဏ္ဍဘူမိလေဆိပ်ထဲကို လှမ်းဝင်လိုက်သည်။ ပြီးခဲ့တဲ့ ၁ ပတ်ကျော်ကပင် ရန်ကုန်မှ ဘုန်းခန့်တို့ အသစ်စက်စက် လင်မယား ဟန်းနီးမွန်းလာမည်။ ထိုလင်မယားနှင့်အတူ လှဇော်၏ ဝမ်းကွဲတူမလေး ဆုပိုင်ဆွေပါ ကျောင်းပိတ်ရက်အလည်ပါလာမည် ဆိုတာတွေကို သိထားသည်။ ဘုန်းခန့်နှင့်လှဇော်က ညီအစ်ကို ဝမ်းကွဲတော်သည်။ ဆုပိုင်ဆွေဆိုသည်က ဘုန်းခန့်၏အစ်ကို ကိုဘုန်းသန့် ၏သမီး။ ၈ တန်းကျောင်းသူ။ လှဇော်နှင့်တော့ မဆုံဖူး။ မဆုံဖူးဆို လှဇော်ကလည်း ရန်ကုန်ပြန်မရောက်သည်မှာ ၁၈ နှစ်ခန့်ရှိပြီ။ ထိုင်းတွင် အခြေကျနေသည်မှာ ကြာပြီ။ ယခုတော့ သူတို့လာမည်ဆို၍ ဘန်ကောက်တက်လာကာ ဟိုတယ်ခန်းစီစဉ်ပြီး လေဆိပ်သို့ ထွက်လာခြင်း ဖြစ်သည်။
အချိန်ကိုက်ဟု ဆိုရမည်။ လှဇော်ရောက်ချိန်တွင် ဘုန်းခန့်တို့ လေယာဉ်ဆိုက်နေချေပြီ။ သိပ်မစောင့်ရပဲ ခဏနေတော့ တွန်းလှည်းကိုယ်စီနှင့် ထွက်လာတာ တွေ့လိုက်သည်။ ဘုန်းခန့်နှင့် သူ့ဇနီးနွယ်နီက တစ်လှည်း၊ ဆုပိုင်ဆွေက တစ်လှည်း၊ ကိုယ်စီတွန်းပြီး ထွက်လာသည်။ လှဇော်ကို လှမ်းလက်ပြသည်။ လှဇော် အပေါက်ဝနားကနေ စောင့်နေလိုက်သည်။ အပေါက်ဝရောက်ရောက်ချင်း ဘုန်းခန့်က လှဇော်ကို ပြေးဖက်သည်။
“ကိုဇော်ကြီးရေ…. နည်းနည်းဝလာတယ်ဗျာ”
“အေးကွ.. မင်းလည်း နည်းနည်းဝလာတယ်နော်.. “
ဘုန်းခန့်က အနားရောက်လာသော နွယ်နီကို ကြည့်ရင်း
“ကိုကြီးကို ကျွန်တော့်ဇနီးလေးနဲ့ မိတ်ဆက်ပေးရဦးမယ်။ ကိုဇော်ကြီ.. ဒါကျွန်တော့်ဇနီး နွယ်နီတဲ့…။ နွယ်နီ…. ဒါ အစ်ကို့ အစ်ကိုဝမ်းကွဲ ကိုလှဇော်တဲ့….။ ဝမ်းကွဲသာဆိုတာ ညီအစ်ကိုလို နေကြတာတွေလေ”
လှဇော်က နွယ်နီကိုကြည့်ရင်း ..
“အားပါး.. ငါ့ညီကတော့ တော်ချက်ကွာ…။ မိန်းမလှလှလေးကို ရှာယူနိုင်တယ်ဟေ့… ဟေးဟေး”
YOU ARE READING
Blue Book collection
Romanceဖတ်ဖူးသမျှ စုတင်ခြင်း မူရင်းရေးသားသူအားလုံးကို crdပေးပါသည် #အပြာစာ