𝚂𝚎𝚌𝚛𝚎𝚝𝚕𝚢 𝚆𝚊𝚜 𝙻𝚘𝚟𝚎𝚍 𝙷𝚞𝚜𝚋𝚊𝚗𝚍 (1)

635 17 2
                                    

Unicode
>>>>>>>

ကျွီ!.......ဒုန်း!!....

ကျယ်လောင်တဲ့ယာဥ်တိုက်မှုအသံရဲ့အဆုံးတခဏအကြာတွင်ထိုနေရာ၌ဆေးရုံကားသံနှင့်ရဲကားများ‌ေကြာင့်ရုတ်ရုတ်သဲသဲဖြစ်သွားရတော့သည်။

"Nurse!!...အရေးပေါ်သွေးလိုနေတယ်!..မြန်မြန်လေး"

"Doctor!.. ‌Doctor!! ကျွန်မတို့သားလေးအခြေအနေရော"

"ကျွန်တော်တို့အတက်နိုင်ဆုံးတော့ခွဲစိတ်ပေးနေပါတယ်...ဒါပေမဲ့လူနာကဦးခေါင်းကိုအပြင်းအထန်ထိခိုက်မိထားတာကြောင့်‌ေမျှာ်လင့်ချက်က၅၀/၅၀ပဲရှိပါတယ်"

Doctorကပြောပီးပီးခြင်းပင်ခွဲစိတ်ခန်းထဲသို့အလျင်အမြန်ပြန်ဝင်သွားသည်။ဒေါ်သီတာဦးမှာလည်းDoctorရဲ့အပြောကြောင့်ဆေးရုံကြမ်း‌ပြင်ပေါ်သို့အရုပ်ကြိုးပြတ်ထိုင်ချမိသည်။

"ဖေကြီးကျွန်..ကျွန်မတို့သားလေးကိုဘယ်လိုလုပ်ရပါ့မလဲ အဟင့်!.."

"မေကြီးရယ်Doctorပြောသွားတာက၅၀/၅၀ဆိုတော့ကိုယ်တို့မှာမျှော်လင့်ချက်ရှိပါသေးတယ်...အားတင်းထားစမ်းပါကွာ"

ဦးတင်မောင်မြတ်မှာဇနီးဖြစ်သူကိုနှစ်သိမ့်နေသော်ငြားသူကိုယ်တိုင်သည်လည်းသားဖြစ်သူကိုဆုံးရှုံးရမှာအလွန်ပင်ကြောက်နေမိပါသည်။

"ဟုတ်ကဲ့အမရေ ကျွန်မတို့လည်းမနက်ကျရင်လာခဲ့ပါ့မယ်"

"............"

"အမရယ်ဒီလူတေကအားနာရမယ့်သူ‌ေတွမလို့လား..လိုအပ်တာရှိလည်းလှမ်းပြောနော်..ကျွန်မကအခုတောင်ပြေးလာချင်နေတာ"

"............."

"ဟုတ်ကဲ့အမ..အမလည်းဂရုစိုက်အုံးနော်"

ဖုန်းချပြီးသည့်‌ေနောက်ဒေါ‌်သော်သာစန်းသက်ပြင်းမောချပြီးဆိုဖာထက်တွင်ထိုင်လိုက်သည်။

"မိန်းမ...ဒီအချိန်ကြီးဘယ်သူဆက်တာလဲကွ"

"အော် အမသီတာလေဒီနေ့ပဲသားဈာန်းကားအက်စီးဒန့်ဖြစ်လို့တဲ့"

ခွမ်း!...

"ဟဲ့ သားဘယ်လိုဖြစ်တာလဲ"

အပေါ်ထပ်မှရေလာယူသောမြူးဝေယံသော်တယောက်မေမေ့စကားကြောင့်လက်ထဲရှိဖန်ခွက်လေးမြေပေါ်သို့ကျကွဲလေတော့သည်။

𝚂𝚎𝚌𝚛𝚎𝚝𝚕𝚢 𝚆𝚊𝚜 𝙻𝚘𝚟𝚎𝚍 𝙷𝚞𝚜𝚋𝚊𝚗𝚍Where stories live. Discover now