Unicode
>>>>>>>Ti..Ti..Ti...
ဈာန်းဖုန်းကိုယူကာscreenကိုကြည့်လိုက်တယ်ဆိုရင်ပဲေပါ်လာတဲ့contact ကြောင့်မျက်မှောင်ကျုံ့ကာစုတ်သပ်မိသည်။
"ပြော"
"ဟို....ကိုကိုကျောင်းကပြန်ပီလား"
"မပြန်သေးဘူး"
"ဒါဆိုလေသော်ကိုကိုနဲ့ပြန်လိုက်လို့ရမလား...သော်စက်ဘီး ဘီးပေါက်သွားလို့...နော်ကိုကို"
*ကျစ်!...မြူးဝေယံသော်တို့ကအာရုံပဲ*
"ဟင်း!...****ဆိုင်နားကစောင့်မယ်မြန်မြန်လာခဲ့နောက်ကျရင်ထားခဲ့ပြီပဲ"
"ဟုတ်ကိုကို"
ကိုကို့အပြောကြောင့်သော့်မှာပစ္စည်းတွေသိမ်းကာအလျင်အမြန်ထွက်ဖို့ပြင်လိုက်သည်။ထိုစဉ်မေနှောင်းက.....
"သော်...နင်စက်ဘီးပျက်နေတယ်မလားငါပြန်လိုက်ပို့မယ်လေ"
"ရတယ်မေနှောင်း..ငါဝင်စရာနေရာလည်းရှိသေးလို့သွားနှင့်တော့မယ်နော်"
"ကောင်စုတ်လေးဘာတေများဒီလောက်အလျင်လိုနေရတာလဲ"
မေနှောင်းတီးတိုးရေရွတ်ရင်ကျောင်းအပြင်သို့ထွက်လာခဲ့တော့သည်။
ဒေါက်!..ဒေါက်!!..
ကိုကိုကကားတံခါးကိုလော့ချထားတာကြောင့်သော်ကားမှန်ကိုနှစ်ချက်လောက်ဆင့်ခေါက်လိုက်သည်။ထိုအခါမှစတီယာရင်ပေါ်လက်တင်ကာခေါင်းငုံ့ထားသည့်ကိုကိုကမော့ကြည့်ပီးလော့ဖွင့်ပေးသည်။သော်လည်းကားထဲဝင်ပြီးခါးပတ်ပတ်နေတုန်းကိုကိုက....
"သော်...မင်းငါနဲ့လိုက်လာတာမင်းသူငယ်ချင်းတေသိလား"
ထိုသို့မေးတော့သော်ခေါင်းရမ်းပြလိုက်သည်။ထိုအခါမှကိုကိုကဘာစကားမှမဆိုေတာ့ပဲခေါင်းတချက်ငြိမ့်ကာကားကိုစတင်မောင်းတော့သည်။
ခြံရှေ့သို့ရောက်တာနှင့်ကိုကိုကဟွန်းကိုနှစ်ချက်ဆင့်ကာတီးလိုက်တော့ခြံစောင့်ဦးလေးကြီးကလာဖွင့်ပေးသည်။ခြံထဲအတိုင်းဝင်လာပြီးဆင်ဝင်ရှေ့သိုရောက်သောအခါကားကိုရပ်လိုက်သည်။သော်ခါးပတ်ပြုတ်ကာဆင်းမည်လုပ်တော့....
YOU ARE READING
𝚂𝚎𝚌𝚛𝚎𝚝𝚕𝚢 𝚆𝚊𝚜 𝙻𝚘𝚟𝚎𝚍 𝙷𝚞𝚜𝚋𝚊𝚗𝚍
Storie d'amore𝚉𝚊𝚗𝚗 𝙾𝚘 𝙺𝚑𝚒𝚝𝚎 𝙼𝚊𝚞𝚗𝚐 × 𝙼𝚞𝚎 𝚆𝚊𝚒 𝚈𝚊𝚗 𝚃𝚑𝚊𝚠 𝚃𝚒𝚝𝚕𝚎 - 𝚂𝚎𝚌𝚛𝚎𝚝𝚕𝚢 𝚆𝚊𝚜 𝙻𝚘𝚟𝚎𝚍 𝙷𝚞𝚜𝚋𝚊𝚗𝚍 𝚃𝚢𝚙𝚎 - 𝙱𝙻 , 𝚁𝚘𝚖𝚊𝚗𝚌𝚎