Unicode
>>>>>>>ကျွီ!.......ဒုန်း!!....
ကျယ်လောင်တဲ့ယာဥ်တိုက်မှုအသံရဲ့အဆုံးတခဏအကြာတွင်ထိုနေရာ၌ဆေးရုံကားသံနှင့်ရဲကားများေကြာင့်ရုတ်ရုတ်သဲသဲဖြစ်သွားရတော့သည်။
"Nurse!!...အရေးပေါ်သွေးလိုနေတယ်!..မြန်မြန်လေး"
"Doctor!.. Doctor!! ကျွန်မတို့သားလေးအခြေအနေရော"
"ကျွန်တော်တို့အတက်နိုင်ဆုံးတော့ခွဲစိတ်ပေးနေပါတယ်...ဒါပေမဲ့လူနာကဦးခေါင်းကိုအပြင်းအထန်ထိခိုက်မိထားတာကြောင့်ေမျှာ်လင့်ချက်က၅၀/၅၀ပဲရှိပါတယ်"
Doctorကပြောပီးပီးခြင်းပင်ခွဲစိတ်ခန်းထဲသို့အလျင်အမြန်ပြန်ဝင်သွားသည်။ဒေါ်သီတာဦးမှာလည်းDoctorရဲ့အပြောကြောင့်ဆေးရုံကြမ်းပြင်ပေါ်သို့အရုပ်ကြိုးပြတ်ထိုင်ချမိသည်။
"ဖေကြီးကျွန်..ကျွန်မတို့သားလေးကိုဘယ်လိုလုပ်ရပါ့မလဲ အဟင့်!.."
"မေကြီးရယ်Doctorပြောသွားတာက၅၀/၅၀ဆိုတော့ကိုယ်တို့မှာမျှော်လင့်ချက်ရှိပါသေးတယ်...အားတင်းထားစမ်းပါကွာ"
ဦးတင်မောင်မြတ်မှာဇနီးဖြစ်သူကိုနှစ်သိမ့်နေသော်ငြားသူကိုယ်တိုင်သည်လည်းသားဖြစ်သူကိုဆုံးရှုံးရမှာအလွန်ပင်ကြောက်နေမိပါသည်။
"ဟုတ်ကဲ့အမရေ ကျွန်မတို့လည်းမနက်ကျရင်လာခဲ့ပါ့မယ်"
"............"
"အမရယ်ဒီလူတေကအားနာရမယ့်သူေတွမလို့လား..လိုအပ်တာရှိလည်းလှမ်းပြောနော်..ကျွန်မကအခုတောင်ပြေးလာချင်နေတာ"
"............."
"ဟုတ်ကဲ့အမ..အမလည်းဂရုစိုက်အုံးနော်"
ဖုန်းချပြီးသည့်ေနောက်ဒေါ်သော်သာစန်းသက်ပြင်းမောချပြီးဆိုဖာထက်တွင်ထိုင်လိုက်သည်။
"မိန်းမ...ဒီအချိန်ကြီးဘယ်သူဆက်တာလဲကွ"
"အော် အမသီတာလေဒီနေ့ပဲသားဈာန်းကားအက်စီးဒန့်ဖြစ်လို့တဲ့"
ခွမ်း!...
"ဟဲ့ သားဘယ်လိုဖြစ်တာလဲ"
အပေါ်ထပ်မှရေလာယူသောမြူးဝေယံသော်တယောက်မေမေ့စကားကြောင့်လက်ထဲရှိဖန်ခွက်လေးမြေပေါ်သို့ကျကွဲလေတော့သည်။
YOU ARE READING
𝚂𝚎𝚌𝚛𝚎𝚝𝚕𝚢 𝚆𝚊𝚜 𝙻𝚘𝚟𝚎𝚍 𝙷𝚞𝚜𝚋𝚊𝚗𝚍
Romance𝚉𝚊𝚗𝚗 𝙾𝚘 𝙺𝚑𝚒𝚝𝚎 𝙼𝚊𝚞𝚗𝚐 × 𝙼𝚞𝚎 𝚆𝚊𝚒 𝚈𝚊𝚗 𝚃𝚑𝚊𝚠 𝚃𝚒𝚝𝚕𝚎 - 𝚂𝚎𝚌𝚛𝚎𝚝𝚕𝚢 𝚆𝚊𝚜 𝙻𝚘𝚟𝚎𝚍 𝙷𝚞𝚜𝚋𝚊𝚗𝚍 𝚃𝚢𝚙𝚎 - 𝙱𝙻 , 𝚁𝚘𝚖𝚊𝚗𝚌𝚎