𝚂𝚎𝚌𝚛𝚎𝚝𝚕𝚢 𝚆𝚊𝚜 𝙻𝚘𝚟𝚎𝚍 𝙷𝚞𝚜𝚋𝚊𝚗𝚍 (3)

108 15 0
                                    

Unicode
>>>>>>>

ဗေဒင်ယတြာကိုအယုံလွန်လွန်းတဲ့မေမေတို့ကြောင့်ဈာန်းမှာနေ့ချင်းညချင်းပင်အိမ်ထောင်သည်ဘဝသို့ရောက်ရတော့သည်။ထိုရက်ပြီးနောက်နှစ်ရက်လောက်နေတော့ဗေဒင်ဆရာပြောသည့်ရက်အတိုင်းနှစ်ဖက်အသိုင်းအဝိုင်းနှင့်အတူအိမ်၌သာမင်္ဂလာဆွမ်းကပ်ဖြစ်ကြပြီးလူကြီး‌ေတွ‌ေရှ့မှာတင်လက်ထပ်လက်စွပ်အပြန်အလှန်လဲလှယ်ဝတ်ကြသည်။ညနေပိုင်းမှာလည်းဖေဖေတို့မိတ်ဆွေတွေအနဲအကျဉ်းအတွက်dinnerပွဲလေးလုပ်ဖြစ်သည်။ထို့နောက်အားလုံးပြီးစီးသွားချိန်မှာတော့နှစ်ဖက်မိဘများအားကန်တော့ကြသည်။
ထိုအခါဒေါ်သီတာဦးမှစကာ.....

"ကြည့်စမ်းပါအုံးဟယ်...ဘယ်လောက်တောင်လိုက်ဖက်နေလိုက်လဲ...အေးငါ့သားလေးတို့ကျန်းကျန်းမာမာနဲ့ဘဝအဆုံးတိုင်ပေါင်းဖက်နိုင်ကြပါစေကွယ်"

"‌ပေးတဲ့ဆုနဲ့ပြည့်ပါစေတီတီ"

သော်ကသာတီတီသီတာ့အားစကားပြန်ပြောပေမဲ့ကိုကိုကတော့မသိချင်ယောင်ဆောင်ကာဟိုကြည့်ဒီကြည့်လုပ်နေလေသည်။

"သော်လေး...အခုသားကအိမ်ထောင်သည်ဖြစ်သွားပြီဆိုတော့အရင်လိုသားအကိုပေါ်အရမ်းမဆိုးနဲ့နော်...ကိုယ်ကအငယ်ဆိုတော့ကိုယ့်ထက်အကြီးဖြစ်တဲ့ဈာန်းလေးစကားလည်းနားထောင်လိလိမ္မာမ္မာလည်းနေဟုတ်ပြီလား..."

"ဟုတ်မေမေ"

"သားဈာန်း..တီစန်းသားလေးကိုအပ်ပါတယ်ကွယ်"

မြှားဦးကဈာန့်ဘက်လှည့်လာတာကြောင့်ဈာန်းလည်းအပြုံး‌ေလးနှင့်သာခေါင်းငြိမ့်ပြလေသည်။

"ကိုမြတ်ရှင်တို့ကလည်းပြောကြအုံးလေ...ဘယ်လိုအဖေတေလည်းမသိပါဘူးဘာတခွန်းမှကိုဝင်မပြောဘူး"

"ကိုယ်တို့ပြောဖို့တောင်မလိုတော့ဘူးမင်းတို့နှစ်ယောက်ပြောတာတင်စုံနေပြီလေကွာ"

"ရှင့်ပြောလိုက်ရင်ဒီလိုကြီးပဲ...ကဲသားတို့လည်းတနေကုန်ပင်ပန်းထားတာဒီညတော့မေမေ့အိမ်မှပဲအိပ်သွားကြမနက်ကျမှပဲသားတို့အိမ်ကိုပြောင်းကြပေါ့"

"ဟုတ်မေမေ"

ဈာန်းကအရင်ထသွားတာကြောင့်သော့်မှာမေမေတို့အားနှုတ်ဆက်ပြီးကိုကို့နောက်သို့လိုက်လာခဲ့သည်။အခန်းထဲရောက်သည်နှင့်ပြင်ဆင်ထားသောအရာများကြောင့်နှစ်ယောက်သားမျက်နှာမှာ‌ေရ‌ေနွးပူနှင့်အပက်ခံလိုက်ရသလိုဖိန်းတိမ်းရှိန်းတိမ်းဖြစ်သွားရသည်။အရင်ကဈာန်းအိပ်နေကျတစ်ယောက်အိပ်ကုတင်အစားKing sizeကုတင်တစ်လုံးကနေရာယူထားပြီးဖြူစွတ်စွတ်မွှေ့ယာခင်းပေါ်မှာမှအနီရောင်နှင်းဆီပွင့်ချပ်တို့ကိုအသဲပုံသဏ္ဍာန်ပြုလုပ်ထားပြီး‌ေဘးတွင်လည်းဖြန့်ကျဲထားသည်။

𝚂𝚎𝚌𝚛𝚎𝚝𝚕𝚢 𝚆𝚊𝚜 𝙻𝚘𝚟𝚎𝚍 𝙷𝚞𝚜𝚋𝚊𝚗𝚍Where stories live. Discover now