𝚂𝚎𝚌𝚛𝚎𝚝𝚕𝚢 𝚆𝚊𝚜 𝙻𝚘𝚟𝚎𝚍 𝙷𝚞𝚜𝚋𝚊𝚗𝚍 (5)

109 12 0
                                    

Unicode
>>>>>>>

"သော်...သော်သော်"

"မြူး!.ဝေ!.ယံ!.သော်!!..."

ဗုဒ္ဓေါ!!.

"ဟာ..မေနှောင်းအနီးကပ်ကနေအဲ့လောက်ကြီးအော်ရလားဟ"

"အောင်မယ်..အောင်မယ်..ငပြူးကများလာပြဲနေသေးတယ်..ဆရာမစာသင်ပီးထွက်သွားတာ‌ေတာင်မသိလိုက်ပဲနဲ့...‌ေသာ်‌ေသာ်နင်အခုတ‌ေလာတအားထူးဆန်း‌ေနတယ်နော်"

"ဘာ..ဘာကထူးဆန်းလို့လဲပုံမှန်ပဲကို"

"ငါ့အထင်ပြောရရင်...."

မေနှောင်းကဆရာကြီးစတိုင်နှင့်မရှိသည့်မုတ်ဆိတ်မွေးအားသပ်ချဟန်ဖြင့်သော့်အားဆူးစိုက်ကြည့်နေသည်။ရှင်းခန့်ကလည်းမေနှောင်းဘာပြောလာမလဲဆိုတာကိုသေချာနားစိုက်နေသည်။သော်ကတော့နဖူးထက်တွင်ချွေးသီးချွေးပေါက်များထွက်ကာတစုံတခုကိုစိုးရိမ်နေသည်။

"နင်...နင်"

ရှင်းခန့်ကမေနှောင်းနားသို့ပိုမိုတိုးကပ်လိုက်သည်။

"နင်ဝမ်းချုပ်နေတာမလား"

"မေနှောင်းမ!..ငါ့မှာတော့အဟုတ်ကြီးမှတ်ပီးနားထောင်နေတာ..ဆောရီးနင်ကငဒူငအ မဆိုတာမေ့သွားတယ်"

ရှင်းခန့်မှာသူမသိသေးသည့်ထူးဆန်းသည့်အကြောင်းအရာများလားဆိုပြီးနားစိုက်ထားလိုက်ရတာ။သော်ကတော့အခုမှဟင်းခနဲစိတ်‌ေအးနိုင်‌ေတာ့သည်။တော်သေးသည်ကိုကိုနှင့်သူ့အကြောင်းမဟုတ်လို့။

"ဟဲ့ငါပြောတာမှားလို့လားဟိုတနေ့ထဲအဲ့‌ေကာင်ကဝမ်းချုပ်နေတဲ့သူလိုရှုံ့တွနေတာကို...ဟိုဟာဆိုလည်းစိတ်မပါလက်မပါဒီဟာဆိုလည်းစိတ်မပါလက်မပါနဲ့"

"ပေါက်ကရတေမပြောစမ်းပါနဲ့မိမေနှောင်းရယ်...ငါဘာမှမဖြစ်ဘူး"

"ပေါက်ကျော်မ..ဘဲမရတာလည်းမပြောနဲ့ပြောလိုက်ရင်စဉ်းစဉ်းစားစားကိုမရှိဘူး"

"ဟဲ့ဟဲ့..ရှင်းခန့်မောင်နင်ကငါ့ကိုပဲပြောနေရအောင်နင့်မှာရောရှိလို့လား...ဟားဟား ရှိလည်းမရှိပဲ ရှက်ထှာ"

"ဟမ့်...အပူတွေမရှာချင်လို့ပါရှင်းခန့်မောင်တို့လိုချင်ရင်ဟောတ‌ေယာက်ဟောတယောက်ပဲ"

𝚂𝚎𝚌𝚛𝚎𝚝𝚕𝚢 𝚆𝚊𝚜 𝙻𝚘𝚟𝚎𝚍 𝙷𝚞𝚜𝚋𝚊𝚗𝚍Where stories live. Discover now