မနက်ခင်းလေးအစမှာပြတင်းပေါက်က နေရောင်ကြောင့်အခန်းတွင်းကကောင်လေးတစ်ယောက်လူးလွန့်လာခဲ့တယ် ဘေးကနိုးစက်ကလည်းမြည်လာတော့ ဟီဆွန်းလည်းနိုးစက်ထပိတ်ပြီးမပွင့်တစ်ပွင့်မျက်လုံးလေးကိုအားယူဖွင့်နေချိန် အခန်းတံခါးခေါက်သံနဲ့အတူ
"သားလေး နိုးနေရင်ထတော့လေ"
"မနက်စာ စားရအောင်ဒယ်ဒီစာင့်နေတယ်"
"ဟုတ် ထပြီ ပါပါး"
ဟီဆွန်းလည်း အိပ်ရာကထ မျက်နှာသစ်ရေမိုးချိုးပြီး အောက်ထပ်ဆင်းလာတော့မနက်စာဝိုင်းမှာဒယ်ဒီနဲ့ပါပါးတို့ရဲ့တက်တီတူးနေတဲ့မြင်ကွင်းကိုတန်းမြင်ရတော့တာပဲ့ ပါပါးရဲ့နှုတ်ခမ်းလေးမှာပေနေတာလေးတွေကိုတစ်ရှူးလေးနဲ့သုတ်ပေးလိုက် ပါးလေလိမ်ဆွဲလိုက်နဲ့သူဝင်လာတာတောင်မသိအောင်ကြည်နူးနေကြတယ်ဟီဆွန်းလည်းမနေနိုင်တဲ့အဆုံး
"အဟမ်း"
အသံပေးလိုက်တော့ မှနှစ်ယောက်လုံးရှက်ရမ်းရမ်းပြီးလူချင်းခွာကြတော့တယ် သူ့ကိုမြင်မှ ဒယ်ဒီက "သားလာလေ မနက်စာလာစား ဒယ်ဒီကစောင့်နေတာ"ဟီဆွန်းဖြင့်မဲ့ရွဲ့ပြီး "သားကိုတောင်သတိရသေးလို့လား စောင့်နေတာဆိုပြီး"မျက်စောင်းလေးထိုးကာပြောလိုက်တော့ ဒယ်ဒီဆောင်းဟွန်းကပြုံးကာ "ငါ့သားကတော့လေ"ဆိုပြီး သူ့အမျိုးသားလေးကိုကြည့်လိုက်တော့ရှက်လို့ထင်ပါရဲ့မျက်နှာလေးနီပြီးခေါင်းလေးအောက်ငုံ့ထားလေရဲ့ ဟီဆွန်းကတော့ "ပါပါးနေမကောင်းဘူးလား မျက်နှာလေးနီနေတယ်"အဲခါမှဂျုံဆောင်းတစ်ယောက် "ကောင်းပါတယ်သားရဲ့ပူ ပူလို့ ဟုတ်တယ်ပူလို့ ဟဲဟဲ"ဆိုပြီးသွားလေးဖြီးပြလိုက်မှဟီဆွန်းလည်းဘာမှမပြောတော့ဘဲ မနက်စာသာဆက်စားနေလိုက်တော့တယ် ပြီးတာနဲ့ကျောင်းသွားဖို့ထွက်လာလိုက်တယ် *မမတို့ကို သားပြောပြမယ် သားနာမည်က ဟီဆွန်း ပတ်ဟီဆွန်းပေါ့ သားကိုဒယ်ဒီနဲ့ပါပါးကမွေးထားတာ ဒယ်ဒီနာမည်ကပတ်ဆောင်းဟွန်း ပါပါးကကျတော့ ပတ်ဂျုံဆောင်းတဲ့ ဒယ်ဒီက ကိုးရီးယားရဲ့No1ဖြစ်တဲ့Park Gpရဲ့CEOလေ ပါပါးကကျတော့ ဒေါက်တာတစ်ယောက် သားအသက်ကအခုမှ18ပြည့်တာ၁ရက်ပဲ့ရှိသေးတယ် သားကအထက်တန်းနောက်ဆုံးနှစ်လေ ဟဲဟဲအခုတော့ ဒီလောက်ပဲ့သိထားလိုက်ပါအုန်းနော် သားအကြောင်းကို*ဟီဆွန်းလည်းတွေးရင်းလမ်းလျှောက်လာတာ အရှေ့မှာကားတစ်စီးလာနေတာမမြင်ဘဲ့ တိုက်မိမလိုဖြစ်သွားတာလန့်ပြီးလဲကျသွားပါလေရော တော်သေးတာက ကားဟာ ဘရိတ်အုပ်မြန်လို့ပေါ့ မဟုတ်ရင်တော့ မတွေးရဲစရာပဲ့ သူလဲသွားတော့ ကားထဲက ခပ်ချောချောလူကြီးတစ်ယောက်ထွက်လာတယ်"ကောင်လေးအဆင်ပြေရဲ့လား"အဲလူက မေးတော့ ဟီဆွန်းလည်း မော့ကြည့်လိုက်တဲ့အချိန်*ချောလိုက်တာ မိုးပေါ်ကနတ်သားလေးများလား*"ချာတိတ် ဟိတ် အဆင်ပြေရဲ့လား"ဟီဆွန်းသူ့မျက်စိရှေ့မှာ ထိုလူလက်ဖျောက်တီးလိုက်မှသတိဝင်လာပြီး"အာ ရပါတယ် ကျွန်တော်အဆင်ပြေပါတယ် "သေချာရဲ့လားချာတိတ်" "ဟုတ် သေချာပါတယ်"ဂျယ်ယွန်းသူ့အရှေ့ကချာတိတ်လေးကိုဆွဲထူပေးလိုက်ပြီး အဆင်ပြေလားမေးတော့ အဆင်ပြေပါတယ်တဲ့ ဘယ်လိုလေးလဲမသိဘူး ချစ်စရာလေး မော့ကြည့်လာတဲ့ပုံစံလေးက သမင်မျက်လုံးလေး အရည်လဲ့နေသလိုလေ ဆင်းလာရင်ရန်တွေ့ဖို့ပြင်နေတာထင်တယ် နှုတ်ခမ်းလေးကခပ်ဆူဆူလေးနဲ့ ဂျယ်ယွန်းအရှေ့ကကောင်ပေါက်လေးကိုကြည့်နေတာ ရင်ထဲပရွက်ဆိတ်တက်နေသလို အသည်းတယားယားနဲ့ ဆေးခန်းလေးလိုက်ပို့မလို့မေးလိုက်အဆင်ပြေပါတယ်တဲ့ ဖြေပုံလေးက ချစ်စရာလေးသူလည်း meetingရှိသေးတော့ စကားအများကြီးမပြောတော့ဘဲ"အဆင်ပြေရင် အကိုသွားလိုက်အုန်းမယ်နော် အရေးကြီးကိစ္စရဇိနေလို့"ပြောပြီး ကားထဲဝင်ကာ မောင်းထွက်လာလိုက်တော့တယ် "ကျန်ခဲ့တဲ့ကောင်လေးကတော့ကျောင်းနောက်ကျမှာစိုးလို့ အမြန်ကျောင်းရောက်အောင်ပြေးသွားခဲ့တယ် ကားပေါ်ကကောင်လေးကတော့ *ကံမကုန်ရင်ပြန်ဆုံကြမယ် ချာတိတ်လေး ကံကမဆုံရင်တောင် အကိုကဆုံအောင် လုပ်တော့မှာ *တွေးရင်း ကားမောင်းလာခဲ့တယ် *ကျွန်တော့နာမည် ရှင်းမ်ဂျယ်ယွန်း Simလုပ်ငန်းစုရဲ့အငယ်ဆုံးသား အသက်ကတော့27နှစ် Sim Gpရဲ့CEOပေါ့ ကျွန်တော်က ပွေတယ်ရှုပ်တယ် ဒါပေမယ့်ဘယ်သူ့ကိုမှတကယ်မချစ်ခဲ့ဘူး အချစ်ကိုမယုံလို့တော့မဟုတ်ပေမယ့် အပျင်းပြေရုံလေး ရည်းစားထားတာ ကောင်မလေးတစ်ယောက်ကို ၁ပတ်ထက်ပိုမတွဲဘူး အဲဒါကြောင့်ပဲ့ ကျွန်တော့သူငယ်ချင်းတွေတောင် အိမ်ထောင်ကျကုန်ပြီ ကျွန်တော်ကတော့ပွေလို့ကောင်းတုန်း အော်သူငယ်ချင်းဆိုမှ ကျွန်တော့မှာအချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ရှိတယ် တစ်ယောက်က ပတ်ဆောင်းဟွန်း တစ်ယောက်ကတော့ပတ်ဂျုံဆောင်းပေါ့ သူတို့နှစ်ယောက်ကတော့တက္ကသိုလ်first yearလောက်ကတည်းကတွဲပြီးအခုတော့ လက်ထပ်ပြီးနေပြီ ကျွန်တော်ဘယ်လောက်ပွေလည်းဆိုတာ သူတို့အသိဆုံးရယ်*ထားပါတော့အခုတော့ meetingတက်ပြီး မနေ့ကမှချစ်သူဖြစ်တဲ့ကောင်မလေးနဲ့Dateဖို့သွားရအုန်းမယ် သိလား ကောင်မလေးထားတာတစ်ခုတော့စိတ်ရှုပ်ဖို့ကောင်းတယ် အမြဲသူတို့အလိုပဲ့လိုက်ပေးနေရတာ ဒါပေမယ့် အပျင်းတော့ပြေတာပေါ့ ဒီတစ်ယောက်လည်းတစ်ပတ်လောက်ပါပဲ့ ပြီးရင် ခုနကတွေ့ခဲ့တဲ့ချာတိတ်လေး အကြောင့်စုံစမ်းရမယ် အရင်ဆုံးဇယားလေးတွေရှင်းလိုက်အုန်းမယ်
နောက်တော့ ဂျယ်ယွန်းတစ်ယောက်ကုမ္ပဏီရောက်လာပြီး meetingတကတယ် လူကသာmeeting roomထဲရှိနေပေမယ် စိတ်က တွေ့ခဲ့တဲ့ချာတိတ်လေးစီမှာ တစ်ချက်တစ်ချက် တွေးတွေးပြီးပြုံးစိစိဖြစ်လာလို့ ရှယ်ယာရှင်တွေတောင် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးကြောင်တောင်တောင်တွေဖြစ်နေကြကုန်ပြီ
တစ်ဖက်မှာတော့ ကောင်လေးတစ်ယောက်က libraryထဲမှာစာအုပ်ထဲ့ခေါင်းစိုက်နေလေရဲ့
နောက်တစ်နေ့ရောက်တော့ ဟီဆွန်းလည်းပုံမှန်အတိုင်း ကျောင်းပိတ်တာမို့ အိမ်မှာပဲ့အချိန်ကုန်ဖို့ဆုံးဖြတ်ပြီးပြင်ဆင်ကာအောက်ဆင်းလာတော့ အိမ်မှာဧည့်သည်တစ်ယောက်ရောက်နေတယ် ဟီဆွန်းသေချာကြည့်တော့"ဟင် ဟိုလူ"အဲလူမနေ့ကသူကားနဲ့တိုက်မိမလိုဖြစ်သွားတဲ့လူ *ဒီလူက ဒယ်ဒီတို့နဲ့သိနေတာလား*ဟီဆွန်းတွေးနေတုန်း ပါပါးက *သားလာလေ ဒီမှာ သားနဲ့မိတ်ဆက်ပေးမယ်သူက ဂျယ်ယွန်းတဲ့ ရှင်းမ်ဂျယ်ယွန်း Sim Gpကိုသိတယ် မလားသား"လို့ပြောတော့"သားကြားဖူးပါတယ် ပါး"လို့ပြန်ဖြေလိုက်တော့ပါးကပြုံးပြီး "အဲSim Gpရဲ့CEOပဲ့သားလို့ ပါးတို့နဲ့ ငယ်သူငယ်ချင်း"လို့ပြောတော့ ဟီဆွန်းလည်း"တွေ့ရတာဝမ်းသာပါတယ် ခင်ဗျကျွန်တော့က ပတ်ဟီဆွန်းပါ"လို့ ကိုယ့်ကိုယ်ကိုမိတ်ဆက်တော့ ဂျယ်ယွန်းက အမည်ဖော်မရတဲ့အပြုံးနဲ့ကြည့်ကာ "ကိုယ်လည်းထပ်တွေ့ရတာဝမ်းသာပါတယ် ချတိတ်လို့"ပြောလိုက်တော့ ဆောင်းဟွန်းက "သားနဲ့ဟီဆွန်းက သိနေတာလားလို့"မေးတော့ ဂျယ်ယွန်းက မနေ့ကအကြောင်းပြောပြလိုက်တော့ ဆောင်းဟွန်းက ခေါင်းငြိမ့်ပြီး"သားရောအဆင်ပြေရဲ့လား နာသွားသေးလား"လို့မေးတော့ "ဘာမှမဖြစ်ဘူး ဒယ်ဒီလိုပြောကာခုံမှာဝင်ထိုင်ပြီး မနက်စာစား လိုက်တယ် ပြီးသွားတော့ ဟီဆွန်းလည်း အားလုံးကိုနှုတ်ဆက်ပြီးအခန်းထဲဝင်သွားတော့တယ် ဂျယ်ယွန်းကတော့ ဆောင်းဟွန်းတို့ကိုနှာတ်ဆက်ပြီး
*နောက်မှတွေ့ကြမယ် ချာတိတ်*လို့တေးပြီးအိမ်ပြန်လာခဲ့တော့တယ်အခုမှစရေးတာမို့ မကောင်းမကန်းလေးကိိုသည်းခံပေးကြပါ ရှင့် 😊