မနက်ခင်းအချိန်အခန်းပြတင်းပေါက်ကနေကျေးငှက်သံတွေတကျွတ်ကျွတ်အော်နေတယ် နေရောင်နုနုကလည်း ပြတင်းပေါက်ကနေဖျာကျနေတယ် အိခန်းထဲကကုတင်ပေါ်မှာတော့ ကောင်လေးတစ်ယောက်တဖြည်းဖြည်းလှုပ်ရှားလာခဲ့တယ်
"အင်းးးး ဟွား ငါဘယ်ရောက်နေတာလဲ"
"ငါ့အိမ်လည်းမဟုတ်ပါဘူး"
ထိုအချိန်
"နိုးပြီလား ကလေး"
"အမယ်လေး"
"လူကြီး"
"ဘယ်ကဘယ်လို"
"ဒါကိုယ့်ရဲ့အပန်းဖြေစံအိမ်လေ"
"လူကြီးရဲ့အိမ်"
မျက်လုံးလေးပြူးကြောင်ကြောင်နဲ့တအံ့တဩေမေးနေတဲ့ပုံလေးကိုကြည့်ကာဂျယ်ယွန်းတစ်ယောက်အောက်နှုတ်ခမ်းကိုကိုက်ထားမိတယ်အခြားတော့မဟုတ်ဘူး အသဲယားလို့
"ဟုတ်တယ်လေ ကလေးကိုကို ခိုးပြေးလာတာ"
"ဟင်"
ဟီဆွန်းအခုမှစဉ်းစားမိတယ် မနေ့က လူကြီးရုံးကိုလိုက်သွားတွေ့ပြီးအပြန်တော့လူကြီးလိုက်ပို့တယ် သူကကားပေါ်မှာအိပ်ပျော်သွားတယ် နိုးလာတော့ ဒီရောက်နေတယ် ဘယ်လိုဖြစ်ပြီးအိပ်ပျော်သွားတာလဲ
"ဘယ်လိုအိပ်ပျော်သွားတာလဲဆိုတာ စဉ်းစားနေတာလား ကလေး"
လူကြီးကိုကြည့်ပြီး မနေ့ကအအေးကိုသတိရမိတော့
"အအေး!"
"ဟက် ဟုတ်တယ် ကိုယ်အအေးထဲအိပ်ဆေးထည့်ခိုင်းလိုက်တာ"
"အဲလိုမှမလုပ်ရင် ကလေးကလည်း ခိုးပြေးတာလက်ခံမှာမဟုတ် ကလေး အဖေတွေကလည်း ကိုယ်တို့ကို သဘောတူမှာမဟုတ်နဲ့ကိုယ်တို့နီးစပ်ဖို့မဖြစ်နိုင်ဘူးလေ "
"ကလေး လေးစိတ်မဆိုးနဲ့နော် ကိုယ်က ကလေးနဲ့မခွဲနိုင်လို့ကြံလိုက်မိတာပါ အခုဆို ကလေးက ကိုယ့်အိမ်သားလေး ဖြစ်တော့မှာ လက်ထပ်စာချုပ်မှာလက်မှတ်ထိုးလိုက်နော် ပြီးရင် အားလုံးအခြေငြိမ်ပြီဆိုမှ ကိုယ်တို့ဟိုပြန်ပြီးလက်ထပ်ကြမယ်နော်"
"ဒီကြားထဲ ဒယ်ဒီတို့လိုက်လာရင်ရော"
"ဒီအိမ်ကို ကိုယ့်မိဘတောင်မသိဘူး စိတ်ချ အခုတော့ မျက်နှာသစ်ရေချိုးတော့ ကိုယ်မနက်စာပြင်ထားတယ်"