ရည်းစားထားတဲ့ကိစ္စဒယ်ဒီသိသွားတဲ့နေ့ကစပြီး ဟီဆွန်းအိမ်အပြင်မထွက်ရတော့ဘူး အိမ်မှာဆိုလည်း ဒယ်ဒီကမျက်စိဒေါက်ထောက်လိုက်ကြည့်နေတာ ပါပါးကတော့ ဟီဆွန်းဖက်ကိုငဲ့ကြည့်ပေးပါတယ် လူကြီးနဲ့လည်းအဆက်သွယ် မလုပ်ရ အခုဆိုလူကြီးတစ်ယောက်ဘာတွေလုပ်နေမလဲ လွမ်းလိုက်တာ ဟူးး
ဟီဆွန်းတွေးပြီးစိတ်မောရတယ် ဒယ်ဒီနဲ့လူကြီးရဲ့ဆက်ဆံရေးလည်းပျက်စီးမှာကြောက်တယ် လူကြီးကိုလည်း ချစ်တယ် ဒီအခြေအနေကနေလွတ်မြောက်ချင်မိတယ်
"ဒေါက် ဒေါက်"
"သားရေ ပါးဝင်လာ မယ်နော်"
"သား ဘာတွေတွေးနေပြန်တာလဲ"
"ပါးး"ဟီဆွန်းငိုချင်စိတ်ဝင်လာတော့ပါးရဲ့ရင်ခွင်ထဲပြေးဝင်မိတယ်
"သားရယ် ငိုနေပြန်တာလား"
"ပါး ဒယ်ဒီပြန်လာပြီလား ဟင်"
"မလာသေးဘူး သားရဲ့ ဒီနေ့နောက်ကျမယ်ပြောတယ်"
"ပါးတို့ထမင်းစားကြရအောင်နော် သား"
"ဟုတ် ပါး"
ဂျုံဆောင်းလည်းသားကိုခေါ်ပြီးအောက်ဆင်းလာကာ ထမင်းစားဖို့လုပ်ရတယ် သားလေးမျက်နှာညှိုးနေတော့လည်းစိတ်မကောင်း ဆောင်းဟွန်းဘက်ကိုလည်း နားလည်ပါတယ် သူငယ်ချင်းအရင်းကြီးနဲ့သားဖြစ်သူကို သူလည်း စိတ်မချနိုင်သေးဘူးဆိုတာ ဒီသားနဲ့အဖေကြားမှာ ဂျုံဆောင်း ဘာလုပ်မပးရမလဲမတွေးတတ်တော့ဘူး
တစ်ဖက်မှာလည်း ဂျယ်ယွန်းတစ်ယောက် မီးခဲတုံးကြီးဖင်ခုထိုင်မိသလိုဖြစ်နေတယ် ချာတိတ်လေးနဲ့ကိုယ့်အကြောင်း ဆောင်းဟွန်းသိသွားပြီ ဆိုပြီး ချာတိတ်လေးငိုပြီးဖုန်းဆက်ပြောပြတယ် အဲနေ့ကစပြီးချာတိတ်လေးနဲအဆက်သွယ်လည်းမရ အိမ်ရှေ့လေးမသိမသာသွားချောင်းပြန်တော့လည်း ခြံထဲမှာတောင်မတွေ့ရ
ကိုယ့်စိတ်အရ သာဆိုချာတိတ်ကိုခေါ်ပြီးခိုးပြေးမိမယ်ဆိုပေမယ့် ချာတိတ်လေးရဲ့သိက္ခာအတွက် ပြီးတော့ချာတိတ်လေးကိုတန်ဖိုးထားလို့ ချာတိတ်လေးမိဘတွေဖြစ်တဲ့ ဆောင်းဟွန်းတို့စီကနေပဲ့ အမြတ်တနိုးတောင်းရမ်းယူဖို့တွေးထားတယ်
အခုတော့ဆောင်းဟွန်းကဖုန်းဆက်ပြီး ပြောစရာရှိတယ် ဆိုလို့ စောင့်နေတာ ဟော ပြောရင်းရောက်လာပါပြီ
"ရှင်းမ်ဂျယ်ယွန်း မင်း ခွပ်"
"မင်း ဘာလုပ်တာလဲ"
ဆောင်းဟွန်းဝင်လာချင်း ထိုးချလိုက်တာရှောင်ချိန်တောင်မရလိုက်ဘူး
"ဘာလုပ်တာလဲ ဟုတ်လား မင်းလုပ်တာ မင်းမသိဘူးလား ကိုယ့်သူငယ်ချင်းရဲ့သားကိုမှ မင်းမို့"
"ငါ့သားကိုတော့လွှတ်ပေး ဂျယ်ယွန်း ဆွန်းလေးက မင်းကစားချင်တိုင်းကစားလို့ရတဲ့ အရုပ်မဟုတ်ဘူး ပြီးတော့ မင်းတွဲခဲ့ဖူးတဲ့ မိန်းကလေးတွေလိုမဟုတ်ဘူး"
"ဆောင်းဟွန်း မင်းငါ့အပေါ် ဘယ်လိုထင်နေလဲတော့မသိပေမယ် ငါချာတိတ်ကိုတော့အတည်ချစ်တာ "
"တော်စမ်းပါ မင်းလိုကောင်ရဲ့ပါးစပ်က ချစ်တယ်လို့ထွက်ရဲသေးတယ် အချစ်ဆိုတာ ကစားစရာလိုသတ်မှတ်ထားတဲ့ကောင်ကလေ"
"အေ ငါသတိပေးထားမယ်နော် ငါ့သားနဲ့ထပ်မပတ်သက်နဲ့ အေးရှေ့ဆက်တိုးရင်ငါ့အဆိုး မဆိုနဲ့"
"ငါကလည်းနောက်မဆုတ်ဘူး ဆိုရင်ရော အဓိက ကချာတိတ်ပဲ့ သူသာ ငါ့ဘက်မှာရှိရင် ရပြီ စိတ်မပူပါနဲ့တစ်နေ့ကျရင် မင်းကငါ့ရဲ့သူငယ်ချင်း ယောက္ခမဖြစ်လာမှာ"
"အခုတော့သွားလိုက်အုန်းမယ် သူငယ်ချင်းယောက္ခမရေ ခွင့်ပြုပါအုန်း"
"ဒီဖေ€¥¥¢£~|€¥•"
ဂျယ်ယွန်းပြောသာပြောခဲ့တာ ချာတိတ်ကအဖေချစ်သား သူ့ဘက်မှာရှိနေပါ့မလား စိတ်မောရတယ်ချာတိတ်ရယ် ကိုယ်မင်းလေးနဲ့နီးစပ်နိုင်ဖို့ မင်းလေးကိုယ့်ဘက်ရှိဖို့လိုတယ်။
ရှင်းမ်ဂျယ်ယွန်းတို့ကတော့ ယောက္ခမကို သွားစပြန်ပြီ
ဖတ်ပေးကြတဲ့တစ်ယောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နော်။