နောက်တစ်နေ့ရောက်တော့ ဆောင်းဟွန်းတစ်ယောက်သား ကိုအရင် လိုလွတ်လပ်ခွင့်ပြန်ပေးလိုက်တယ် သားပျော်ရင် သားပါးပါးပျော်မယ် သားရဲ့ပါးပါးလေးပျော်ရင် ဆောင်းဟွန်းလည်းပျော်တယ် သားကအိမ်ရဲ့ဆည်းလည်းလေးဆိုတော့ သားပျော်ဖို့ကအဓိကပဲ ဒါပေမယ့် ဟိုကောင်နဲ့သဘောတူလိုက်တာတော့မဟုတ်ဘူးနော် စောင့်ကြည့်အုန်းမှာ
"ဒါလင်"
"ဒါလင်!!"
"ဟင် ဟင် ဘာလဲ ဟန်နီရဲ့"
"ဘာတွေတွေးနေတာလဲ ခေါ်မကြားအော်မကြားနဲ့"
"ဘာမှမဟုတ်ပါဘူး သားအကြောင်းပါကိုယ့်သားပျော်နေတာလေးပြန်မြင်ရလို့လေ"
"ဒါပေါ့ ဟန်နီပြောသားပဲ့ သားကိုလွတ်လပ်ခွင့်ပေးလိုက်ပါဆို သားက လိမ္မာနေပါပြီ"
"အင်း နော်"
အဖေနှစ်ယောက်ကတော့ သားအတွက် လျှော့သင့်တာတွေလျှော့ပေးလိုက်ပါပြီ
ဟီဆွန်းဒီနေ့ ဒယ်ဒီစီကနေအပြင်ထွက်ခွင့်ရော ဖုန်းကိုင်ခွင့်ပါပြန်ရပြီဆိုတော့လူကြီးနဲ့ ပြန်ဆက်သွယ်နိုင်ပြီအခုလည်း လူကြီးရဲ့ ရုံးရှေ့ကိုရောက်နေတာ ဝင်ရမလား မဝင်ရဘူးလားတွေးနေတာ မထူးပါဘူးလေ ရောက်ပြီးမှတော့ဝင်ရမှာပေါ့ ဝင်လာပြီး ကောင်တာရှေ့ရောက်တော့
"ဘာများကူညီပေးရမလဲရှင့်"
"ဟို CEO Simနဲ့တွေ့ချင်လို့ပါဗျ"
"ဟိုကြိုချိန်းထားတာရှိလားရှင့်"
"အဲလိုတော့မချိန်းထားဘူးဗျ ဟို ဟီဆွန်းလို့ပြောလိုက်ရင်သူသိပါတယ်"
"ဟို ဒါဆို CEOကိုသွားပြောပေးပါ့မယ်"
"ဟုတ်ကဲ့"
ထိုင်စောင့်နေတုန်း အခန်းထဲကအလောတကြီးထွက်ပြေးလာပြီး
"ကလေး"
"ဟင် လူကြီး"
"ကလေးရယ် ဘာတွေဖြစ်နေတာလဲလို့ စိတ်ပူနေတာ လာလာ ကိုယ့်ရုံးခန်းထဲသွားမယ်နော်"
"ဟုတ်"
သူ့လက်ကိုဆွဲပြီး ရုံးခန်းထဲရောက်တော့
"ကလေးရယ် ကိုယ်လွမ်းနေတာ ဖုန်းလည်းဆက်သွယ်လို့မရ လူချင်းလည်းမတွေ့ရနဲ့ ကိုယ်ရူးတော့မလိုပဲ့ သိလား"
"အင်း ပါ ကလေးနားလည်ပါတယ် ကလေးလည်း လွမ်းပါတယ် အခုမှအပြင်ထွက်ခွင့်ရတော့ လူကြီးရုံးကိုလာလိုက်တာ"
နှစ်ယောက်သား ပွေ့ဖက်ထားကြတာလည်း မလွှတ်တော့
"လူ လူကြီး ခဏလွှတ်ပါအုန်း သားအသက်ရှူ ကြပ်လို့"
"sorry ကလေး ကို အရမ်းလွမ်းလို့"
"ဟုတ်ပါပြီ"
"လူကြီး ဒယ်ဒီကလေ လုံးဝသဘောမတူဘူးတဲ့"
ဂျယ်ယွန်းသိပါတယ် ဆောင်းဟွန်းကအလျှော့ပေးမယ့်လူမဟုတ်ဘူးဆိုတာကို ခက်တာက ပတ်အိမ်ကအဖိုးတန်းလေးကို ရှင်းမ်အိမ်ထောင်စုထဲရအောင်ထည့်ဖို့ပဲ့
"ကလေး ကိုယ်မေးမယ် ကိုယ့်ကိုသေချာကြည့်ဖြေနော်"
"ဟုတ်မေးလေ"
"ကလေးကိုယ့်ကိုယုံတယ် မလား ပြီးတော့ ချစ်တယ်မလား"
"အင်း သားလူကြီးကို ယုံလည်းယုံတယ် ချစ်လည်းချစ်တယ်"
"ဒါဆိုရပြီ ကလေးကအေးဆေးလေးအလိုက်သင့်နေပေး ကျန်တာ ကိုယ့်တာဝန်ထား ကလေး ကိုယ့်အိမ်ထောင်စုထဲထည့်ဖို့ အဆင်သင့်ပြင်ထား"
"လူကြီး ဒယ်ဒီကိုတော့ မထိခိုက်ဘူး မလား ဟင်"
"စိတ်ချပါ မထိခိုက်စေရဘူး"
"ဒါဆိုလည်း ပြီးတာပါပဲ့"
"လူကြီးကိုအရမ်းချစ်တယ်"
"ကိုယ်ကပြောမပြတတ်အောင်ချစ်တယ် ကလေး"
ရှင်းမ်ဂျယ်ယွန်းတစ်ယောက် ဘာတွေကြံနေပြီလည်း မသိ🤔
ဖတ်ရှုကြတဲ့တစ်ယောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ် ရှင့်