Unicode
အဲ့ဒီမေးခွန်းက ပြဿနာအကြီးဆုံးပဲ။ ကုမျန်ပါးစပ်ပိတ်ထားလိုက်ပြီး ဘာမှမဖြေတော့ဘဲ စကားလမ်းကြောင်းလွှဲဖို့လုပ်လိုက်တယ်။
Recordingထဲမှာ ဖျောက်ထားတဲ့ battleအကြောင်းကို သူမ သူ့ကိုပြောပြလိုက်တယ်။
သူမ မူလဇာတ်ကြောင်းအတိုင်း ဇာတ်လိုက်မကို ဆန့်ကျင်မိသွားပြီလားမသိဘူး။
ရွယ်ကွေ့ဝမ်က အရှေ့ထွက်ပြီး battle ဆိုင်ဖို့ပြောတာက ရိုက်ကူးရေးထဲမှာ နေရာပိုလိုချင်ခဲ့တာလို့ လီရှောင်းဟယ်က ပြောပြခဲ့တယ်။ အနိုင်ရဖို့အတွက် ပြိုင်ပွဲဝင်တွေက လှည့်စားမှုမျိုးစုံ သုံးလို့ရတယ်။ဒါပေမယ့် သူမရဲ့ မပူးပေါင်းမှုကြောင့် ရွှယ်ကွေ့ဝမ်ရဲ့အကြံက ဖျက်ဆီးခံလိုက်ရတယ်။ ရွှယ်ကွေ့ဝမ်က သူမကို မုန်းတီးနေလောက်တယ်။
လီရှောင်းဟယ်က ပြောသေးတယ်။ ရွှယ်ကွေ့ဝမ်က အရမ်းဉာဏ်ကောင်းပြီး ဘယ်ဆုံးဖြတ်ချက်က သူမကိုအကောင်းဆုံးဖြစ်စေနိုင်မလဲဆိုတာ သိတယ်တဲ့။ ဒီတစ်ခါလည်း သူမ လိုချင်တဲ့အတိုင်းမဖြစ်ပေမယ့် mentor တစ်ယောက်ကို ပထမဆုံးပြန်စိန်ခေါ်တဲ့သူအနေနဲ့ သူမက နာမည်တစ်ခုတော့ ရလိုက်တယ်လေ။
Show အဖွဲ့ရဲ့ ထောက်ပံ့မှုကို သူမ မလိုတာတောင်ဖြစ်နိုင်တယ်။ သူ့ဟာသူ နာမည်ရလာနိုင်တယ်။
ကုမျန်က အဲ့ဒါကိုလုံးဝဂရုမစိုက်ဘူး။ ဇာတ်လိုက်မက သူမကိုမုန်းတယ်မလား၊ ဆက်မုန်းပါစေ။ သူမက အတိတ်ကို ပြန်ပြင်လို့ရရင်တောင် တစ်ထပ်တည်းတူတာကိုပဲ ပြန်လုပ်အုန်းမှာ။
ဒါပေမယ့် သူမ လော့ချယ် ဒီကိစ္စကို ဘယ်လိုပြန်တုံပြန်မလဲဆိုတာ သိချင်တယ်။
ဒီကိစ္စတွေက သူ့အနာဂတ်ကောင်မလေးရဲ့ ကိစ္စတွေလေ။ ဒါပေမယ့် ကုမျန်စိတ်ပျက်ရဖို့ပဲ သတ်မှတ်ခံထားရတယ်ထင်ပါတယ်။ လော့ချယ်က ရွှယ်ကွေ့ဝမ်အကြောင်းကို ပြောတောင်ပြောမလာဘူး။
လော့ချယ်က ပြတင်းပေါက်ကိုမှီလိုက်ပြီး မှော်မြို့တော်ရဲ့ ညဘက်ရှုခင်းကို ကြည့်လိုက်တယ်။
တစ်ချို့ကိစ္စတွေနဲ့ပတ်သက်ပြီး သူစိတ်မရှည်တာမဖြစ်သင့်မှန်း သိပါတယ်။ ကုမျန်ပြန်မဖြေတာကို တွေ့ရပေမယ့် အခုအချိန်မှာ သူမအသံကိုကြားနေရတာနဲ့တင် လုံလောက်ပြီလို့ သူခံစားရတယ်။
YOU ARE READING
ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်
RandomStatus in COO : 253 chapters (complete)