"ကိုတို့ ဘယ်သွားကြမလဲ"
"ကမ္ဘာမြေအဆုံး"
"စောက်ကလေး။ ကမ္ဘာမြေကနောက်မှဆုံး ထိုင်ခုံခါးပတ်ပတ်ထား"
ချမ်းမြေ့တေဇက ပထမတွေ့သည့်ရက်နှင့်မတူ။ သွက်လက်ပြီး လန်းဆန်းနေသည်။ သူ့မျက်လုံးတွေမှာ တက်ကြွမှုကို မြင်နေရ၏။
"ဘဲကြီး ကားဘလူးတုရှ် ချိတ်လို့ရလား"
"ရတယ်လေ ကို့ဖုန်းဖြုတ်လိုက်မယ်"
"ဘဲကြီး ဘာသီချင်းတွေနားထောင်လဲ"
"အစုံပါပဲ။ The Beatlesကိုတော့ဒီရက်ပိုင်းနားထောင်ဖြစ်တယ် မင်းရော"
"ကျွန်တော်က တေလာဆွစ်စ်ဖန်"
"အိုး ဆွစ်ဖ်တီ ပေါ့"
ကားမောင်းထွက်ပြီးမှ ဦးတည်ရာမရှိဖြစ်နေကြောင်း သတိရမိ၍
"ဒါနဲ့ ဘာစားချင်လဲ"
"ရတယ် ဘာစားစား"
"ဘာစားရတာကြိုက်လဲ"
ချမ်းမြေ့က တစ်ချက်စဉ်းစားပြီး"သိဘူး။ ဗိုက်လည်းသိပ်မဆာပါဘူး"
"ကိုကတော့ ဗိုက်ဆာနေတယ်။ ဒီနားလေးမှာ ဆီချက်ခေါက်ဆွဲကောင်းတဲ့ဆိုင်ရှိတယ် ကိုငယ်ငယ်ကတည်းက ဖေကြီးဝယ်ကျွေး.."
ဖေကြီးကို ရုတ်တရက် သတိရသွားမိ၍ စကားတန့်သွား၏။
"ဆက်ပြောလေ ဘဲကြီးရ ဘာလဲ"
"ဟုတ်ပါဘူး ကို့ဖေကြီးဝယ်ကျွေးဖူးတာကိုသတိရသွားတာ...အဲ့ဆိုင်သွားစားမယ်"
ချမ်းမြေ့က တေလာဆွိဖ်ရဲ့ Bad Blood သီချင်းကို ဖွင့်ပြီး ဘေးနားမှာ က၍ သီချင်းဆိုနေ၏။
"သီချင်းတွေမဆိုဖြစ်တော့ဘူးလား"
"ဆိုမှာပေါ့ ဘဲကြီးကနားထောင်ချင်လို့လား"
ကားစတီရာတိုင်ကို ကိုင်ထားသည့် မိုးတိမ်၏ လက်တို့ကို သူရုတ်တရက်လာကိုင်၍ တွန့်သွားစဉ် ချမ်းမြေ့က ရယ်ပြီး
"ဘာလဲ လက်ကိုင်တာမကြိုက်ဘူးလား"
"ဟုတ်ပါဘူးကွာ"
"ဒါဆို လက်ပေး"
မိုးတိမ်လက်ပေးတော့ သူက မိမိညာဘက်လက်ချောင်းတွေထဲကို တင်းတင်းဆုပ်ကိုင်ထားသည်။
YOU ARE READING
တိမ်လေပွေ... မြေ့
Romanceစိတ်ကျန်းမာရေးဆေးခန်းတစ်ခုတွင် ဆုံစည်းခဲ့ ကြသော သူတို့နှစ်ဦး မိုးတိမ်မောင်မောင်၊ ချမ်းမြေ့တေဇ