Part one

11 0 0
                                    

လူတစ်ယောက် သေဆုံးသွားလျှင် အရင်ဆုံး ဘာလုပ်ကြလဲ။ အစီအစဉ်တကျဖြစ်အောင် သေသူကို ဘယ်လိုမျိုးနှုတ်ဆက်ပို့ဆောင်ကြလဲ။ မိမိမသိ။ မိမိသိသည်မှာ အသက်ရှူရပ်သွားသည့် ထိုလူသေအတွက် ဝမ်းနည်းနာကျင်မှု ခံစားချက်ကိုသာမိမိသိသည်။

"သား မေကြီးတို့ဘာလုပ်ကြမလဲဟင်"

မိုးတိမ်မောင်မောင်တစ်ယောက် သူ့မိခင်ဒေါ်သန္တာကို တစ်ချက်ကြည့်လိုက်သည်။ သူ့မိခင်​၏ ဝမ်းနည်းညှိုးငယ်မှုတို့ဖြင့် ကြေကွဲနေသည့် အငိုမျက်လုံးတို့ကို ဖေးမဖို့ရန် မိုးတိမ်သည် ဒေါ်သန္တာ့လက်တို့ကို တင်းတင်းဆုပ်ပြီး အားပေးနေမိ​၏။

"မေကြီးတို့ ဒီလို သူ့ကို PPE အိတ်ထဲ ထည့်ပေးလိုက်လို့ရှိရင် မင်းဖေကြီး ကောင်းရာသုဂတိလားပါ့မလားဟင် ငါ့သား"

ဒေါ်သန္တာတစ်ယောက် ပြောရင်း ယူကျုံးမရငိုနေပြန်သည်။ နလန်ထူခါစ မေကြီးအား သိပ်မငိုဖို့ နှစ်သိမ့်ရင်း

"ဖေကြီးက သတိနဲ့ ဝီရိယ ရှိသူပဲ မေကြီးရဲ့။ သူဘဝကူးကောင်းမှာဆိုတာ သားသိတယ်"

"ဒါပေမယ့် သားရယ် ... သူက မေကြီးကိုပဲ စိတ်ပူနေတာ ဒီ ၁၄ ရက်လုံး သေမင်းနဲ့စစ်ခင်းတာက မေကြီးလေ။ တကယ် သေသွားတော့ မင်းဖေကြီးတဲ့လား"

ဟုတ်သည်။ သူတို့ တစ်မိသားစုလုံး ကိုဗစ်- ၁၉ ရောဂါ​၏ တတိယလှိုင်းတွင် ရောဂါဝေဒနာ အလူးအလဲခံစားခဲ့ရပါသည်။ ဒေါ်သန္တာတစ်ယောက်မှ စ၍ ဖျားပြီး ဦးမောင်နှင့် မိုးတိမ်တို့ ကူးစက်ခဲ့​၏။ မိဘနှစ်ပါးလုံး အောက်စီဂျင် ကျဆင်းသည့် ရောဂါဒဏ်ကို ခံစားရပြီး ဆရာဝန်များမှ ဒေါ်သန္တာကို သေပြီဟု မှတ်ချက်ချထားသော်လည်း ဦးမောင်မှာ ရောဂါသက်သာလာ၍ ၁၅ ရက်မြောက်နေ့ ပိုးမရှိတော့ချိန်တွင် ရုတ်တရက် ကွယ်လွန်သွားပါသည်။

"ဒီလိုကြီး အိတ်ကြီးထဲထည့်သွားပြီး မေကြီးတို့ ကိုယ်တိုင် မြေမချရဘူးဆိုရင် ကိုမောင် ကောင်းရာသုဂတိ မရောက်မှာ သိပ်စိုးတာပဲကွယ်"

"ဒါပေမယ့် သားတို့တစ်ခုခုလုပ်ရမယ်။ နာကူအသင်းတွေ ကိုဗစ်အလောင်းတွေလာမသယ်ဘူးဆိုတော့ မီးသတ်က လူတွေကို ဖုန်းဆက်ရမယ်ထင်တယ်။ အန်တီကြည်တို့ကို မေးကြည့်ရမယ်ထင်တယ်နော် မေကြီး"

တိမ်လေပွေ...  မြေ့Where stories live. Discover now