Part Four

20 2 0
                                    


ဒီနေ့ မေမေဆုံးတာ နှစ်လပြည့်ပြီ။ ဘဝမှာ ဘယ်တော့မှ မမေ့နိုင်မည့်မြင်ကွင်းတွေကို အဖန်ဖန်အလဲလဲ ပြန်မြင်ယောင်ပြီး ခံစားနာကျင်နေရ​၏။ မျက်ရည်တွေဆိုတာ အတောမသတ်နိုင်သည်အထိ ဆုံးရှုံးမှုကို ဖြေမဆည်နိုင်ဘူး။ မိမိလက်ပေါ်တင် မေမေ အသက်ထွက်သွားခဲ့သည်ကို ဘယ်လိုမှ မေ့ရမလဲဆိုတာ မိမိကိုယ်၌ မသိခဲ့သည်အထိ သတိလွတ်မိ​၏။

"သားငယ်... သတိထားပါဦး။ သား"
မျက်စိတွေ လေးလံပြီး ခန္ဓာကိုယ်တစ်ခုလုံးပေါ့ပါးလာသည်။ သေတယ်ဆိုတာ ဒါမျိုးလား။ ဖေဖေတို့အသံတွေ ဖြေးဖြေးချင်း တိုးတိုးလေးသာကြားရတော့သည်။ ဘာကိုမှမမြင်နိုင်တော့။ မေမေကရော ဒီလိုခံစားခဲ့ရသလား။ မေမေက ဝေဒနာကိုပိုသိပြီး ခံစားသွားရရှာမည်။

"မြေ့ ... မြေ့ မောင်လေး မမအသံကြားလား"

"မမငြိမ်းရှိတယ်နော် မြေ့"

ချမ်းမြေ့တေဇ တစ်ရက်ကျော်အိပ်ပျော်သွားပါသည်။
ပြန်နိုးလာသည့်အခါ ဆေးရုံကုတင်ပေါ်တွင် ရောက်နေ​၏။ ဖေဖေက ဘေးတွင် ထိုင်၍ ဘုရားစာရွတ်နေပြီး မနွေးက ဆိုဖာပေါ်တွင် ဖုန်းသုံးနေ​၏။

"မြေ့ ငါ့သား နိုးပြီလား...။ ဖေဖေ့ကို မြင်တယ်မလား"

ချမ်းမြေ့ အဖေ့ကို စကားပြောချင်သော်လည်း မိမိ နှုတ်က ထွက်ဖို့ခွန်အားမရှိ။ လက်ကနေ အားယူချင်သော်လည်း လက်တွင် ဆေးထိုးပိုက်ဖြင့် ဆေးချိတ်ထား​၏။

နှာခေါင်းထဲတွင် ပိုက်အရှည်ကြီးတစ်ခုက အာခေါင်မှ တစ်ဆင့် အစာအိမ်ဆီချိတ်ဆက်ထားသည်။ ချမ်းမြေ့တေဇ ဆေးတွေ သောက်လိုက်တာများ၍ အစာအိမ်ကို ပိုက်ထည့်ပြီး ဆေးထားရခြင်းဖြစ်​၏။

ချမ်းမြေ့ နိုးလာသည့်အခါ လက်မှ ဒဏ်ရာတွေနှင့် လည်ပင်းထဲကခုလုခုလုဖြစ်နေပါသည်။

"မြေ့ရယ် နင် မသေကောင်းမပျောက်ကောင်း"

"သား ဖေဖေ့ကို သနားပါလားကွာ။ သီတာကို ဆုံးရှုံးပြီး မင်းကိုပါ ဆုံးရှုံးရရင် အဖေတော့တကယ် ရူးသွားမှာ သိလား"
အဖေ့ ပါးပြင်ပေါ်တွင် မျက်ရည်စတို့ စိုရွှဲလာ၍ မြေ့ဝမ်းနည်းလာ​၏။ မနွေးကပါ ချမ်းမြေ့ကို ဖက်ပြီး ငိုနေသည်။ ဘဝမှာ ဆုံးရှုံးဖို့လွယ်ပြီး မေ့ဖျောက်ဖို့မလွယ်သည့် ချစ်ခြင်းမေတ္တာတွေကို ခံစားမိလာသည်။

You've reached the end of published parts.

⏰ Last updated: Jul 10 ⏰

Add this story to your Library to get notified about new parts!

တိမ်လေပွေ...  မြေ့Where stories live. Discover now