အပိုင်း ၁

212 27 3
                                    

အပိုင်း ၁

1.

ရှို့တွင် အမြှောက်စာ(cannon fodder) ကောင်လေးတစ်ယောက်ရှိသည်။အထက်တန်းတတိယနှစ်ကနေ ဘွဲ့ရတဲ့အထိ ဘွဲ့ရပြီးတော့လည်းမြို့တစ်မြို့ထဲမှာပဲအလုပ်လုပ်ကြသည်။အရင်အတိုင်းဆက်ဆံရေးကောင်းကိုထိန်းသိမ်းထားဆဲ

ဒါပေမဲ့သူတို့အတူမနေ ဘာလို့လဲဆိုတော့ရှို့ရဲ့ကုမ္ပဏီနဲ့ပို‌လှမ်းလို့ ပြီးတော့ မနက်အထိ မကြာခဏအချိန်ပိုလည်းဆင်းရတယ် ဒါကြောင့်ကုမ္ပဏီနားတွင်ပဲ အိမ်ငှားထားရသည်။ပိတ်ရက်ကျမှ အမြှောက်စာကုန်းဆီသွားသည်။

ဒီနေ့စနေဖြစ်ကာ အမြှောက်စာကုန်းရဲ့အိမ်ကိုရှို့ရောက်ရောက်ချင်း ထမင်းအတူစားဖို့တောင်အချိန်မရပဲ ကုမ္ပဏီတွင်အချိန်ပိုဆင်းဖို့ပြန်လာရန် အအော်ခံရသည်။

လေတိုးလို့မရအောက်ကြပ်ညပ်နေတဲ့ မြေအောက်ရထားကိုစီး၍ ဖုန်းတစ်ဖက်ရှိအမြှောက်စာကုန်းကိုတောင်းပန်ရသည်။

အမြှောက်စာကုန်းမှာ‌ ဒေါသတကြီးဖြင့်အေးစက်လွန်းကြောင်း စိတ်ထဲတွင်အလုပ်ပဲရှိနေကြောင်းအချစ်အတွက်ဒုတိယနေရာတောင်မရှိကြောင်း ပေါက်ကွဲနေ၏။

ပြောပြီးနောက်ဖုန်းချသွားသည်။

ရှို့လည်းမတရားခံရတာပါနော် ကိုယ်ကခံစားချက် ဖော်ပြတတ်သူမဟုတ်ဘူးဆိုတာသိပေမဲ့ တစ်ဖက်လူရဲ့ခံစားချက်ကိုတော့အရမ်းဂရုစိုက်ပါတယ်

ကိုယ့်ဘက်ကစည်းကမ်းဖောက်မိသွားတာကြောင့် လအနည်းငယ်နေဖူးတဲ့ အမြှောက်စာကုန်းရဲ့အိမ်မှာ သွားနေဖို့ဆုံးဖြတ်လိုက်တယ်

ဒီလိုဆိုရင် ရုံးတက်ရုံးဆင်းနဲ့ တစ်နေ့ကိုအနည်းဆုံးသုံးနာရီကုန်လောက်တယ် ညဘက်အချိန်ပိုဆင်းပြီးရင်လည်း ကားပဲငှားပြန်ရတော့မယ် အချိန်ပိုဆင်းခရဲ့တစ်ဝက်လောက်ကိုဖြုန်းတီးမိမှာ

ဒါပေမဲ့ဒါတွေကိုအမြှောက်စာကုန်းဆီမပြောတော့ ဒါကဖြစ်သင့်တာပဲလေ

2.

ရှို့သည် ကုမ္ပဏီလေးတစ်ခုရှိ ပရိုဂရမ်မာတစ်ယောက်ဖြစ်တယ် 9106 ဖြစ်ကာကံကောင်းတာက ထိပ်မပြောင်သေး ကုမ္ပဏီတစ်ခုလုံးရဲ့ ဆံပင်ပေါက်တဲ့ခေါင်းပေါ့ ထို့ကြောင့် ရှို့ရဲ့အပြင်ပန်းက ကုမ္ပဏီရဲ့ developer တွေနဲ့ယှဉ်ရင်လုံလောက်အောင်ကောင်းနေပြီဖြစ်သည်။ဒီနေ့ကျတော့ နည်းပညာဆိုင်ရာအကြံပေးချက်လိုချင်လို့ အရောင်းဌာနက developer အဖွဲ့ဆီရောက်လာကြတယ် မန်နေဂျာက‌ရှို့ကို‌ ထောက်ခံတဲ့အကြောင်းနှစ်ခွန်းတောင်မပြောခဲ့ဘူး

Python အခြေခံဂိုက်「Python入门指南」Where stories live. Discover now