Part-1(U/Z)

197 14 4
                                    


"...မယ်တို့ရွာ သာစခန်း..
အလည်လာစမ်းပါကွယ်..
မြရောင်ခြယ်လယ်ယာခင်းနဲ့..
ကံသင်းရိုး..တစ်လျှောက်..ဝယ်
ထနောင်းပင်တွေ..အစီအရီ...."

ရေဒီယို..အဟောင်းလေး၏ တဂျိဂျိမြည်သံနှင့်အတူ လှလှရီ၏ ရွာသာယာ
သီချင်း လေးမှာ ပျံ့လွင့်လျှက်ရှိနေသည်...

ဝါးထရံကာ ၊ဓနိမိုး အိမ်ကလေးထဲတွင်
ကလေးအနှီးများ ကြိုတင်ခေါက်နေသည့် ဗိုက်ကြီးသည်မိန်းမတစ်ဦးအား..
ရေဒီယိုအနားမှ လူကြီးသည်..
မြတ်နိုးစွာ ကြည့်နေလေသည်..

မိဘများ သဘောမတူသည့်ကြားမှ
ကိုတင်သောင်း နောက်သို့ အချစ်ကို ကမ္ဘာဟူ မှက်ယူ၍ ဆင်းရဲတွင်းထဲသို့ ခုန်ချလာခဲ့သည့် သူဋ္ဌေးသမီးလေး
ခင်ခင်ဝင်း။ယခုတွင်တော့..သူမ ပျော်နေပုံရပါသည်...မကြာခင် သူမတို့ဘဝထဲသို့ ရင်သွေးငယ်လေး ရောက်ရှိလာပေတော့မည်မဟုက်ပါလား...

ကိုတင်သောင်း သည်လည်း သူကဲ့သို့ ဆင်းရဲသား နောက်သို့ ဒုက္ခ ခံကာ လိုက်လာခဲ့သည် ဇနီးဖြစ်သူအား
ချစ်၍ မဝ၊ မြတ်နိုး၍ မဆုံးနိုင်ပေ...။
ဒီ့အပြင် သူလိုချင်တောင်းတသော
မိသားစု အသိုက်အမြုံလေး ဖန်တီးနိုင်တော့မည် ဖြစ်သဖြင့် ဝမ်းမြောက်၍ မဆုံးနိုင်ပေ..။

"ကျွတ်..ကျွတ်..အင်း..."

ဇနီးဖြစ်သူ၏ ညည်းသံကြောင့် ဝါးကုလာထိုင်ပေါ်မှ ကိုတင်သောင်း..ဖင်မငြိမ်တော့ပေ..ချက်ချင်းပင် ရေဒီယိုအား ပိက်လိုက်ကာ..ဇနီးသည်အနားသို့သွားလိုက်သည်။

"ဘယ်လိုဖြစ်သလဲးခင်ခင်၊ ဗိုက်နာပြီလား..မွေးချင်ပြီလားဟင်၊အကို လက်သည် ဖွားစိန်ရီကို ခေါ်ရတော့မလား .."

ဇနီးသည်၏ လက်ကလေးများအား ဆုပ်ကိုင်ကာ အလောတကြီးမေးနေလေ၏..

"မွေးချင်နေပြီထင်တယ်အကို
ခင်...ခင်ခင်..နာလှပြီ.."

နာကျင်မှု့ကို မည်မျှသည်းခံ
နေသလဲးမသိပေ နဖူးတွင်ချွေးများပင် စိုနေလေပြီ..

"လာ..လာ အခန်းထဲအရင်သွားရအောင်အကို ဖွားစိန်ရီကို ပြေးခေါ်လိုက်ဦးမယ်..ခနသည်းခံပါဦးကွယ်နော်.."

ဇနီးသည်အား ချော့မော့ပြောဆိုရင်း
အခန်းကျဥ်းလေးထဲသို့ ပို့ဆောင်လိုက်သည်။ပြီးနောက်တွင်..ရွာထိပ်ရှိ ဖွားစိန်ရီအိမ်သို့ အလောတကြီးပြေးထွက်သွားတော့သည်..
...................

ပန်းတစ်ပွင့်၏ ဒဏ္ဍာရီ(Ongoing)Where stories live. Discover now