အပိုင်း (၄)

412 51 0
                                    

Your Dream League~

▪︎

ဒိုင်ယာရီ၌ ရေးထားသည့်ရက်စွဲများမှာ ရက်များခြားနေကာ ကိစ္စအလုံးစုံကို ချရေးထားသည်မျိုးလည်း မဟုတ်ပါ​ချေ။ သို့​သော်လည်း ဤမျှ​လောက်စာတိုတိုကလေးများ​ကို ဖတ်ရရုံနှင့်ပင် ဂင်​ဒေါ့ဖားလ်အဖို့ ကိစ္စတစ်ချို့ကို နားလည်သဘောပေါက်ရန် လွယ်ကူ​​နေခဲ့​​ပေသည်။

ကျောင်းတွင်းအကြမ်းဖက်မှုနှင့် လိင်ပိုင်းဆိုင်ရာရပ်တည်ချက်ကို အတင်းအကြပ်ဖော်ထုတ်ခံရခြင်း။ ဆုန်းအီဟွန်းမှာ ဤအရာနှစ်မျိုးစလုံးကို ရင်ဆိုင်ခံစားခဲ့ရသည့်အတွက် ကုန်းကျော်တံတားပေါ်တက်လာခဲ့သည် ဖြစ်​ပေမည်။

ဂင်ဒေါ့ဖားလ်သည် အကူအညီလို​နေ​သောလူတစ်ယောက်အား ကယ်ရန်အတွက် ကားကိုဆွဲလှည့်ခဲ့​​ပေသည်။ ဂိုဏ်းစတားတစ်ယောက်ဖြစ်​​သော်ငြားလည်း ​ဖြောင့်မတ်မှန်ကန်သူဖြစ်သည့် ဂင်​ဒေါ့ဖားလ်မှာ အကူအညီလိုအပ်နေ​သောလူတစ်ယောက်ကို လျစ်လျူမရှူနိုင်ခဲ့ပါ​ချေ။ ထို့​ကြောင့်လည်း ဂင်ဒေါ့ဖားလ်မရှိတော့သည့် အိမ်ဝင်းထဲ၌ သူ့အတွက် ငိုကြွေးမည့်သူဆိုသည်မှာ တစ်ချိန်က သူအကူအညီပေးခဲ့ဖူးသည့် လူတွေချည်းပင်ဖြစ်​​နေ​တော့သည်။ ထိုသူတို့အား ကြည့်လျှင်ပင် ဂင်ဒေါ့ဖားလ်သည် အသက်ရှင်စဉ်ကာလအတွင်း မည်မျှကောင်းကျိုးပြုခဲ့သည်ကို မြင်နိုင်​ပေ၏။

သို့ဖြစ်၍ ဤသို့အကျင့်ရှိသူမှာ ဆုန်းအီဟွန်းကိုလည်း ခြွင်းချက်မရှိ ကျော်မသွားနိုင်ခဲ့ခြင်းဖြစ်ပေ​တော့သည်။ d.l

.

"ဟေး"

အနက်ရောင်ဖန်သားပြင်ထက်၌ ရောင်ပြန်ဟပ်နေသည့် ဆုန်းအီဟွန်းကို သူခေါ်လိုက်သည်။ ဒိုင်ယာရီတစ်ခုလုံးအား ဖတ်ကြည့်ပြီးသည့်နောက်တွင် စိတ်ဓါတ်မကျသွားခဲ့​သော်လည်း မှိုင်းဝေနေသည့်မျက်ဝန်းများနှင့် တစ်ခုခုကို ကြောက်ရွံ့နေသကဲ့သို့ စေ့ပိတ်ထားသည့် နှုတ်ခမ်းပါးတို့ကို သူမြင်ရသည့်အခါ စိတ်မသက်မသာဖြစ်​ခဲ့​ရပေသည်။ ဤကလေးအား သူသာမကယ်ခဲ့လျှင် ငှက်တစ်​ကောင်ကဲ့သို့ လွတ်လွတ်လပ်လပ်ပျံသန်းနိုင်​သော အရွယ်​ကောင်း၌  ဘဝကြီးကို နှုတ်ဆက်ထွက်ခွာရ​ပေတော့မည်။ ဂင်ဒေါ့ဖားလ်သည် မိမိကိုယ်တိုင်အနိုင်ကျင့်ခံခဲ့ရသည့်နှယ် ဒေါသထွက်စွာဖြင့် ပြောလိုက်​၏။ d.l

[Uni]"ဂန်းစတားတစ်​ယောက်မှ ​ကျောင်းသားအဖြစ်သို့"🍃✨️Where stories live. Discover now