အပိုင်း(၉.၅)

295 34 0
                                    

Your Dream League~

.

"မင်းသတ်ခဲ့တာပဲ ဂျယ်မင်းနား"

ခပ်အေးအေးစွပ်စွဲလာ​သောစွဲချက်တစ်ခုကြောင့် အလန့်တကြားဖြစ်သွားခဲ့ရသည့် ဟုန်းဂျယ်မင်း၏မျက်နှာမှာ ဒေါသအရိပ်အ‌ယောင်များနှင့်အတူ ရုတ်တရက်ရှုံ့မဲ့သွားခဲ့၏။

" မင်းဘာမင်းပျော့ညံ့ပြီး ခုန်ချခဲ့တယ့်ကိစ္စကို ငါ့ဆီက ဘာတွေလာမျှော်လင့်နေတာလဲ...!"


ဟုန်းဂျယ်မင်းသည် စွပ်စွဲချက်ကို ငြင်းဆိုလိုက်ပြီးနောက် ဆုန်းအီဟွန်းကိုကြမ်းကြမ်းတမ်းတမ်းတွန်းထုတ်လိုက်၏။ ဆုန်းအီဟွန်း၏ကော်လံကိုဆွဲရန်ကြိုးစားလိုက်သော်လည်း ဆုန်းအီဟွန်းကမူ ပို၍မြန်မြန်ဆန်ဆန်လှုပ်ရှားနိုင်ခဲ့လေသည်။ ဆုန်းအီဟွန်းသည် အလင်း၏အမြန်နှုန်းမျိုးဖြင့် ဟုန်းဂျယ်မင်း၏ ကော်လံစကို ဖမ်းဆုပ်လာခဲ့ပေ၏။ ဟုန်းဂျယ်မင်းသည် ရုတ်တရက်ဆန်လှစွာပင် သူ၏ကော်လာမှတစ်ဆင့်ဆောင့်ဆွဲခံလိုက်ရကာ သူ၏လည်ပင်းကိုညှစ်ထားသကဲ့သို့ဖြစ်သည်ကြောင့် အသက်ရှုကြပ်လာရတော့သည်။

လူသတ်သမားတစ်ယောက်အဖြစ်နာမည်တပ်ခံလိုက်ရသည်မှာ အထက်တန်းကျောင်းသားတစ်ဦးအတွက် ကိုင်တွယ်နိုင်ရန်ခက်ခဲသည့် ကိစ္စရပ်တစ်ခုဖြစ်နေသည်ကြောင့် ထင်ပါ၏။ ဂင်ဒေါ့ဖားလ်သည် သူဆုပ်ကိုင်ထားသည့် ကော်လံစမှတစ်ဆင့်ပင် တစ်ဖက်လူ၏ တုန်လှုပ်နေမှုကို ခံစားလို့‌ရပေ၏။ ဂင်ဒေါ့ဖားလ် သူ၏အကြည့်တို့ကို အောက်သို့ပို့လိုက်သည့်အခါ၌ ဟုန်းဂျယ်မင်း၏ အားတင်းကာဆုပ်ထားရသည့်လက်သီးဆုပ်ကို တွေ့လိုက်ရတော့သည်။ လက်သီးဆုပ်ကလေးမှာ အနည်းငယ်ပင် တုန်ရီလို့နေခဲ့ပါ၏။ သန်မာသည့်ပုံစံပေါက်စေရန် လုပ်ယူကာစူးစိုက်ကြည့်နေသည့် မျက်ဝန်းများနှင့် မေးရိုးများထင်းထွက်နေသည်အထိ ဒေါသထွက်နေသည့်ပုံစံမှာ သနားချင်စဖွယ်ပင်ကောင်းနေတော့လေသည်။ d.l

"ကြောက်နေတာပဲ"

ဂင်ဒေါ့ဖားလ်သည် အဆုပ်ထံမှလေများထိုးထွက်လာသကဲ့သို့ ရယ်မောလိုက်၏။ လူငယ်လေးမှာ ဖြူစုတ်လာသည်အထိ ကြောက်ရွံ့တုန်လှုပ်နေသည်ကို မြင်လိုက်ရသည်ကြောင့် ဂင်ဒေါ့ဖားလ်၏ ရန်ပြုချင်စိတ်များမှာ လျော့ကျသွားခဲ့ပါတော့၏။ သို့သော် ပြန်လည်၍ အဓိပ္ပာယ်မရရှိသည်ကို သူလုပ်နေကြောင်း သတိရသွားတော့၏။ ထိုကောင်လေးများမှာ သူတို့အား ရက်ပေါင်းတစ်ရာလောက် ပြေပြေလည်လည်စကားပြောနားချလျှင်ပင် အသုံးဝင်မည်မဟုတ်ပါချေ။ ထိုအစား ရိုက်နှက်လိုက်သည်ကသာ အများကြီးပိုအဆင်ပြေလိမ့်ပေမည်။


[Uni]"ဂန်းစတားတစ်​ယောက်မှ ​ကျောင်းသားအဖြစ်သို့"🍃✨️Hikayelerin yaşadığı yer. Şimdi keşfedin